CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ အသလက်တီကို အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်း အဆင့် ပထမအကျော့ပွဲစဉ်မှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အဆင့်သတ်မှတ်ချက် အဆင့်(၅)သာ ရှိခဲ့တယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။
ဒီပွဲမှာ အသလက်တီကို အသင်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာ တဖက်တစ်ဂိုးစီ သရေကျသွား ခဲ့တာဖြစ်ပါ တယ်။ အသလက်တီကို အသင်းအတွက် ဦးဆောင်ဂိုးကို ဂျာအိုဖိလစ်က သွင်းယူခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် အသင်းအတွက် ချေပဂိုးကို အီလန်ဂါက သွင်းယူခဲ့တာပါ။
ဒေးလီးမေးလ်ကတော့ ဒီပွဲမှာ ပါဝင်ကစားခဲ့တဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အဆင့်သတ်မှတ်ချက်တွေကို ဖော်ပြခဲ့ရာ မှာ ရော်နယ်ဒိုက အဆင့်(၅)သာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဒီပွဲမှာ အသင်းအတွက် ဂိုးဖန်တီးမှုနဲ့ ဂိုးသွင်းယူနိုင်မှု မပြုလုပ်နိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းမှုနဲ့ ဂိုးပေါက် ထိရောက်မှု အပိုင်းမှာလည်း အားနည်းခဲ့တာပါ။
ဒိုင်လူကြီးကို အရေးမယူလို့ ပြောနေတဲ့ ရော်နယ်ဒို(The Sun)
ရော်နယ်ဒိုဟာဆိုရင် အသလက်တီကို အသင်းနဲ့ တွေ့တိုင်း ဂိုးမြူးလေ့ရှိပေမယ့် ဒီပွဲမှာတော့ ခြေစွမ်းမပြနိုင်ခဲ့တာပဲ ဖြစ်ခဲ့ပါ တယ်။ ဒါ့အပြင် ပွဲပြီးခါနီးမှာ ရတဲ့ ပြစ်ဒဏ်ဘော ကန်သွင်းရာမှာလည်း ကန်ချက်ဟာ ပရိသတ်ဆီသာ ရောက်ခဲ့လို့ ပြိုင်ဘက် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာပါ။
ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဒီပွဲမှာ အသလက်တီကို ကစားသမားတွေရဲ့ ကြမ်းတမ်းစွာ ဖျက်ထုတ်မှုတွေကို ခံခဲ့ရပြီး ကွင်းလယ်ဒိုင်လူကြီးကို ဒေါသထွက်နေတဲ့ ပုံရိပ်တွေကို မြင်တွေ့ခဲ့ရပါတယ်။
ရော်နယ်ဒိုဟာဆိုရင် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ တစ်ဦးတည်းသာ ရှိနေပြီး သူ့ဆီ ဘောလုံးရောက်မလာလို့ အနောက်ထိ ဆင်းယူရတဲ့ အခြေအနေတွေလည်း ဒီပွဲမှာ ရှိခဲ့တာပါ။ ရော်နယ်ဒိုသည် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာယူနိုက် တက် အသင်းအတွက် (၆)ဂိုး သွင်းယူထားပါတယ်။
အသက်(၃၇)နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ ရုန်းကန်နေရတဲ့ အခြေအနေကြောင့် လာမယ့် နွေရာသီမှာ အသင်းကနေ ပြန်ထွက်သွားဖွယ် ရှိနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေကြပါတယ်။
Source: Daily Mail