CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

အင်တာမိုင်ယာမီအသင်း ကစားသမား ဟီဂူအင်က မက်ဆီအနေနဲ့ မေဂျာလိဂ်ကိုလာရင် ပျော်ရွှင်မယ်ဆိုတာကို ယုံကြည် ကြောင်း ပြောလိုက်ပါတယ်။ ဟီဂူအင်က သူ့ရဲ့လက်ရွေးစင် အသင်းဖော် အနေနဲ့ တနေ့နေ့မှာ မေဂျာလိဂ်ကို လာရောက်မယ် ဆိုတဲ့ သူ့ရဲ့ မျှော်လင့်ချက်ကို ထပ်လောင်းပြောခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာ အသင်းကနေ ထွက်ခွာအပြီးမှာ အင်တာမိုင်ယာမီ အသင်းက ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပီအက်စ်ဂျီ အသင်းက ခေါ်ယူနိုင်ခဲ့တာပါ။

မက်ဆီနဲ့ ဟီဂူအင်တို့ဟာ ဆယ်စုနှစ်တစ်ခုကြာ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ အတူတွဲ ကစားခဲ့တာ ဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ပီအက်စ်ဂျီမှာ ကစားပြီး နောက်သွားမယ့် အသင်းသစ်အဖြစ် မေဂျာလိဂ်ကို ရွေးချယ်မယ်ဆိုရင် ပွေ့ဖက်ပြီး ကြိုဆိုသွားမှာ ဖြစ်တယ်လို့ ဟီဂူအင်က ပြောခဲ့တာပါ။

ဟီဂူအင်ကိုတွေ့ရစဉ်(Daily Mail)

ဟီဂူအင်က “ဒါဟာ အလွန်အရေးကြီးတဲ့ လိဂ်ဖြစ်ပြီး အများကြီး တိုးတက်နေပါတယ်။ နာမည်ကြီး ကစားသမားတွေ လာ ရောက်နေပြီး အနာဂတ်မှာ ဒီထက်ပိုပြီး တိုးတက်လာမယ်လို့ ကျနော်ထင်ပါတယ်။ မက်ဆီ အနေနဲ့ မေဂျာလိဂ်ကို လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ မေဂျာလိဂ်အတွက်ရော နိုင်ငံအတွက်ပါ အကျိုးရှိမှာပါ။ သူသာ ဆန္ဒရှိတယ်ဆိုရင် ဒီမှာ ပျော်ရွှင်သွား မှာပါ”လို့ Stats Perform နဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

မေဂျာလိဂ်ပြိုင်ပွဲမှာ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း၊ အီဘရာဟီမိုဗစ်၊ ဂျရတ်၊ လမ်းပတ်၊ အွန်နရီတို့ လာရောက်ကစားခဲ့သလို ဒီရာသီမှာလည်း ဒေါက်ကလပ်စ်ကော်စတာနဲ့ ရှာကွီရီတို့ ရောက်ရှိလာခဲ့တာပါ။ ဟီဂူအင်ကတော့ မေဂျာလိဂ်ပြိုင်ပွဲကို ၂၀၂၀ က ရောက်ရှိလာခဲ့တာဖြစ်ပြီး အင်တာမိုင်ယာမီ အသင်းအတွက် ၃၉ ပွဲ ပါဝင်ကစားထားကာ ၁၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

အခုနှစ်ရာသီ မေဂျာလိဂ်ပြိုင်ပွဲကိုတော့ ဖေဖော်ဝါရီ ၂၆ ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး အောက်တိုဘာ ၉ ရက်မှာ ပြီးဆုံး မှာလည်း ဖြစ်ပါတယ်။ အခုနှစ်ပြိုင်ပွဲကို အရှေ့ဇုန်နဲ့ အနောက်ဇုန် အသင်းပေါင်း ၂၈ သင်း ဝင်ရောက် ယှဉ်ပြိုင်သွား မှာလည်း ဖြစ်ပါတယ်။

Source: Goal