CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

ပီအက်စ်ဂျီ အသင်း တိုက်စစ်မှူး နေမာ ဟာ ကစားသမားဘဝက အနားယူပြီးရင် နည်းပြမဖြစ်ချင်ဘဲ ပရော် ဖက်ရှင်နယ် GAMER ဖြစ်ဖို့ စဉ်းစားနေတဲ့အကြောင်းကို ထုတ်ဖော်ပြောလိုက်ပါတယ်။ အသက်(၃၀) အရွယ် ကစားသမားဟာ သူ့ရဲ့အနာဂတ်ကို စတင်စဉ်းစားနေပြီလို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

နေမာနဲ့ ပီအက်စ်ဂျီ တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၄)နှစ် ကျန်ရှိနေသေးတာဖြစ်ပေမယ့် ဘရာဇီးလ် ဂန္တဝင် ရော်နယ်ဒို၊ တွစ်တာနာမည်ကျော် ဂါအူလတ်စ် တို့နဲ့ စကားပြောတဲ့အချိန်မှာ ဒါကို ပြောခဲ့တာပါ။ သူဟာ အလွန် ခေါင်းမာလွန်းတဲ့အတွက် နည်းပြအဖြစ် မလုပ်ချင်ဘူးလို့ ပြောခဲ့တာလည်း ဖြစ်ပါတယ်။

သူ့အနာဂတ်ကို မေးခဲ့ရာမှာ နေမာ က “ကျနော့်စိတ်ထဲမှာ တွေးထားတဲ့ တချို့အရာတွေတော့ ရှိပေမယ့် တိကျတဲ့ အစီအစဉ်တွေတော့ မရှိသေးပါဘူး။ ဒီကိစ္စတွေကို စတင်ပြီး တွေးနေပေမယ့် ဘောလုံးနဲ့တော့ မဆိုင်ပါဘူး။ ဘောလုံးကလွဲပြီး တခြားအရာတွေကိုပဲ လုပ်ချင်ပါတယ်။ ဘောလုံးမကစားရင်တော့ ဘောလုံးနဲ့ပတ်သက်တဲ့ တခြားဘာကိုမှ မလုပ်ချင်ပါဘူး။ ဒါရိုက်တာဖြစ်ဖို့လည်း မတွေးပါဘူး။ ကစားသမားတွေက ကျနော့် သူငယ်ချင်း ဖြစ်နေရင် ကလပ်က ပျက်ဆီးသွားပါလိမ့်မယ်။ နည်းပြလည်းမဖြစ်နိုင်ပါဘူး။ ဒေါသထွက်လွယ်တော့ အဆင်မပြေ နိုင်ပါဘူး”လို့ ပြောခဲ့တာပါ။

မကြာသေးခင်ကမှ အနားယူသွားတဲ့ အဂွေရိုလိုမျိုး esports တစ်သင်းကို နေမာအနေနဲ့ ပိုင်ဆိုင်နိုင်မလားလို့ ဂါအူလတ်စ် က မေးခဲ့ပါတယ်။ ဒီအချိန်မှာ နေမာ က “ကျနော်ဟာ ဗီဒီယိုဂိမ်းလောကကို အလွန်သဘောကျ တဲ့အတွက် ဒါက ဖြစ်နိုင်ခြေရှိပါတယ်။ ဗီဒီယိုဂိမ်းတွေနဲ့ အလုပ်လုပ်နိုင်တဲ့အတွက် ကျနော်ဟာ GAMER ဖြစ် လာနိုင်ပါတယ်။ ဗီဒီယိုဂိမ်းထုတ်လုပ်တဲ့အပိုင်းကိုလည်း သဘောကျပြီး အဲဒါကို စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ဘာတွေဖြစ်လာမလဲဆိုတာတော့ မသိပါဘူး"”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

နေမာ ဟာ အစောပိုင်းတုန်းက အသက်(၃၂)နှစ်အရွယ်ရောက်ရင် အနားယူမယ်လို့ ပြောခဲ့တာဖြစ်ပြီး ဒါဟာ နောက်ပြောင်မှုတခုသာဖြစ်တယ်လို့လည်း ပြန်ပြောထားတာပါ။ ဘရာဇီးလ် ကစားသမားဘဝက အနားမယူခင် အချိန် မေဂျာလိဂ်မှာ အနည်းဆုံးတရာသီကြာ ကစားချင်တယ်လို့လည်း ပြောခဲ့တာဖြစ်ပါတယ်။

Source:TheSun