CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

ရုရှားနဲ့ ယူကရိန်းတင်းမာမှုတွေမြင့်တက်လာနေတာကြောင့် ချယ်လ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် ရဲ့ ချမ်းသာကြွယ်ဝမှုတွေဟာ တရက်တည်းမှာ ပေါင်သန်း(၆၅၀)လောက် ကျဆင်းသွားခဲ့တယ်လို့ The Sun က ဖော်ပြထားပါတယ်။

အသက်(၅၅)နှစ်အရွယ်ရှိ ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ် ပိုင်ဆိုင်တဲ့ Evraz သတ္တုတွင်းလုပ်ငန်းရဲ့ ရှယ်ယာ တန်ဖိုးဟာ (၂၈ ဒသမ ၆) ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာကို မြင်တွေ့ခဲ့ရတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ရုရှားကုမ္ပဏီအပေါ် ပိတ်ဆို့မှုတွေပြုလုပ်လာမှာကို စိုးရိမ်နေခဲ့ကြတာပါ။

သို့သော် လန်ဒန်စတော့အိတ်ချိန်းမှာ စာရင်းသွင်းထားတဲ့ Evraz ရဲ့ ရှယ်ယာတွေဟာ ကျဆင်းနေခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။


အွန်လိုင်းရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ AJ Bell ရဲ့ ဘဏ္ဍာရေးပိုင်း လေ့လာသုံးသပ်သူ ဒန်နီ ဟီဆင် က “ကုန်သွယ်မှုရက်သတ္တပတ်အသစ်ဟာ ဥရောပနဲ့ အာရှတခွင်မှာ အဆိုးရွားတွေနဲ့ စတင်နေပါပြီ။ ရင်းနှီး မြှုပ်နှံတဲ့သူတွေက ရုရှားနဲ့ယူကရိန်းတို့အကြားတိုက်ပွဲမှာ နှိုးစက်နာရီက အသံထွက်လာတော့မှာကို စိုးရိမ်နေကြ တယ်လို့”ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မကြာသေးခင်ကမှ ချယ်လ်ဆီး အသင်း ကလပ်ကမ္ဘာ့ဖလား ရရှိလို့ ပျော်ရွှင်နေတဲ့ အေဘရာမိုဗစ်ချ်အတွက်တော့ သတင်းဆိုးလည်းဖြစ်ခဲ့တာပါ။

ချယ်လ်ဆီး အသင်းကို လက်ရှိအသင်းပိုင်းရှင် အေဘရာမိုဗစ်ချ် ပိုင်ဆိုင်ပြီးနောက် ဆုဖလားအားလုံးကို ရယူထား နိုင်ခဲ့တာဖြစ်ပါတယ်။ လန်ဒန်ကလပ် ဟာ အေဘရာမိုဗစ်ချ် ပိုင်ဆိုင်ပြီးနောက် ဆုဖလားပေါင်း (၂၀) ရရှိထားခဲ့တာ ပါ။

ချယ်လ်ဆီး အသင်းဟာ အေဘရာမိုဗစ်ချ် လက်ထက်မှာ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား (၅)ကြိမ်စီ၊ လိဂ်ဖလား(၃)ကြိမ်၊ချန်ပီယံလိဂ်၊ယူရိုပါလိဂ်နဲ့ ကွန်မြူနတီဒိုင်း(၂)ကြိမ်စီ၊ကလပ်ကမ္ဘာ့ဖလားနဲ့ ယူအီးအက်ဖ်အေ စူပါဖလားတို့ကို (၁)ကြိမ်စီ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

Source:TheSun