CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

အာဂျင်တီးနား ကစားသမား(၄)ဦးကို စက်တင်ဘာလက ဘရာဇီးလ်နဲ့ ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲက အဖြစ် အပျက်တွေကြောင့် ဖီဖာကနေ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ သူတို့တွေဟာ နိုင်ငံတကာ ပွဲစဉ်တွေရဲ့ စည်းမျဉ်း စည်းကမ်းကို မလိုက်နာမှုကြောင့် ဒီပွဲကို ဖျက်ခဲ့ရတာ ဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းရဲ့ ကစားသမား(၄)ဦးဖြစ်တဲ့ ဘူအန်ဒီယာ၊ မာတီးနတ်စ်၊ ရိုမဲရိုးနဲ့ လိုဆယ်ဆို တို့ကို ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့တာကြောင့် သူတို့တွေဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ နောက်ဆုံး ပွဲစဉ်(၂)ပွဲမှာ မပါဝင်နိုင်တော့ပါဘူး။

အဆိုပါ ကစားသမား(၄)ဦးဟာ ကွာရန်တင်း စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ ကျန်းမာရေး တာဝန်ရှိတဲ့ သူတွေက ယူဆခဲ့တာကြောင့် ပွဲကို ရပ်နားခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ် အာဏာပိုင်တွေဟာ ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ ပွဲစဉ်ရဲ့ ပွဲစပြီး (၅)မိနစ်အကြာမှာ ကွင်းထဲကို ဝင်ရောက်လာခဲ့ ပြီး အဆိုပါ စည်းမျဉ်းစည်းကမ်း ချိုးဖောက်တဲ့ ကစားသမားတွေနဲ့ ထိပ်တိုက်တွေ့ဖို့ ရောက်ရှိလာခဲ့ကြတာပါ။ အဲ့ဒါကြောင့် ဒီပွဲဟာ ဆက်မကစားဖြစ်တော့ဘဲ ပွဲကို ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

                                           အာဂျင်တီးနား နဲ့ ဘရာဇီးလ် အသင်းတို့ကိုတွေ့ရစဉ် (The Sun daily)

ဖီဖာရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီကတော့ ဒီပွဲကို ဖီဖာက ဆုံးဖြတ်မယ့် နေ့ရက်နဲ့ နေရာမှာ ကစားရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၂ သင်းလုံးဟာ ခြေစစ်ပွဲကစားဖို့ ၂ ပွဲ ကျန်ရှိနေပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားပြီးလည်း ဖြစ်တာပါ။ ပွဲပယ် ပြစ်ဒဏ်ကျခံရမယ့် ကစားသမား ၄ ဦးကတော့ ဗင်နီဇွဲလား၊ အီကွေဒေါ တို့နဲ့ ပွဲစဉ်ကို မပါဝင်နိုင်တော့တာ ဖြစ်ပါတယ်။

ဖီဖာကတော့ ပွဲကိုဖျက်သိမ်းခဲ့ရတာကြောင့် ဘရာဇီးလ်နဲ့ အာဂျင်တီးနား ၂ သင်းကို ဒဏ်ကြေး ငွေပေါင် ၄၀၀၀၀ ချမှတ်ခဲ့ တာပါ။ ဒါ့အပြင် အမိန့်နဲ့ လုံခြုံရေးဆိုင်ရာတွေ ချိုးဖောက်ခဲ့မှုအတွက် ဘရာဇီးလ် အက်ဖ်အေ အနေနဲ့ ဒဏ်ကြေးငွေ ပေါင် ၄၀၀၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အာဂျင်တီးနား အက်ဖ်အေ အနေနဲ့လည်း စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာမှုကြောင့် ဒဏ်ကြေးငွေ ပေါင် ၁၆၀၀၀၀ ပေးချေ ဖို့ ဖီဖာက ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC