CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

ဘိုင်ယန်မြူးနစ် အသင်း ကစားသမား သော်မတ်စ်မူလာနဲ့ ဇနီးသည်တို့ ဟာ မြင်းသုက်ရည်ကို ရောင်းခဲ့ကြလို့ ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။မကြာသေးခင်က ကြောင်ကို ကန်ခဲ့လို့ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံနေ ရတဲ့ ဇူးမား ပြီးနောက် သောမတ်စ်မူလာ ရဲ့ အဖြစ်အပျက်က ထပ်မံရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သော်မတ်စ်မူလာ နဲ့ ဇနီးသည်တို့ဟာ အခုအဖြစ်အပျက်ကြောင့် တိရစ္ဆာန်အခွင့်အရေးအဖွဲ့အစည်း PETA ရဲ့ ဝေဖန်မှုတွေကို ခံနေရတာပါ။ ဘိုင်ယန်မြူးနစ် ကစားသမားနဲ့ ဇနီးသည် လီဆာတို့ဟာ မြင်းခြံတခြံကို ပိုင်ဆိုင် ထားကြတာဖြစ်ပြီး မြင်းတွေထဲက တကောင်ဟာ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောထားတာဖြစ်ပါတယ်။

“ဝမ်းနည်း စရာကောင်းတာကတော့ ကျနော်တို့မှာ သတင်းဆိုးတခုရှိပါတယ်။ ကျနော်တို့ရဲ့ အနှစ်သက်ဆုံး ဒီအဗီကို နောက်လတွေထိ အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ သူဟာ မျိုးပွားရာသီအတွက် ပြင်ဆင်နေရင်းနဲ့ လဲကျ သွားခဲ့တာပါ။ ခွာဧရိယာမှာ ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး လာမယ့်လအနည်းငယ်အတွင်း လုံးဝအနားယူဖို့လိုအပ်မှာ ဖြစ်တယ်လို့”ပြောခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရတော့ သူတို့ ဇနီးမောင်နှံဟာ မြင်းရဲ့သုက်ရည်တွေကို ထုတ်ယူပြီး အေးခဲထားကာ တကြိမ်ကို ယူရို(၂၀၀)နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ သူတို့နှစ်ကို PETA က ပြင်းပြင်းထန်ထန်ရှုတ်ချထားပြီး ဖြစ်ပေါ်လာ တဲ့ ဒဏ်ရာတွေက ရှောင်လွှဲလို့မရဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒီအဗီ ကို သော်မတ်စ်မူလာ၊ ဇနီးသည်တို့နှင့်အတူ တွေ့ရစဉ်(ဓါတ်ပုံ-The Mirror)

ဒါ့အပြင် မြင်းကို သဘာဝမဟုတ်တဲ့ လိင်မှုကိစ္စ တွေကို အတင်းအကျပ်စေခိုင်းခဲ့တယ်လို့လည်း ပြောခဲ့တာပါ။ PETA ကတော့ သော်မတ်စ်မူလာနဲ့ လီဆာ တို့ရဲ့ ကြီးကြပ်မှုအောက်မှာ ဒီအဗီ ရရှိခဲ့တဲ့ ဒဏ်ရာတွေဟာ ရှောင်လွှဲလို့မရသလို မဖြစ်သင့်တဲ့ အရာတွေပါလို့ ပြောခဲ့ တာဖြစ်ပါတယ်။

PETA ကတော့ ဒါနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားပေမယ့် သော်မတ်စ်မူလာနဲ့ ဇနီးသည်တို့ဟာ အမှားအယွင်း တစုံတရာအတွက် အမှန်တကယ်အပြစ်ရှိလားဆိုတာတော့ သက်သေပြနိုင်ခြင်းမရှိသေးပါဘူး။ အသက်(၃၂)နှစ် အရွယ်ရှိ သော်မတ်စ်မူလာ ဟာ ကစားသမားဘဝတလျှောက်လုံး ဘိုင်ယန်မြူးနစ် အသင်းမှာသာ ကစားခဲ့တာ ဖြစ်ပြီး ပွဲပေါင်း(၆၄၇)ပွဲမှာ (၂၄၀)ဂိုး သွင်းယူထားတာဖြစ်ပါတယ်။ ဂျာမနီကစားသမား ဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့အတူ ဘွန်ဒစ်လီဂါဖလား(၁၀)ကြိမ်၊ချန်ပီယံလိဂ်ဖလား(၂)ကြိမ်အပါအဝင် ဆုဖလားအများအပြား ရယူ နိုင်ခဲ့တာပါ။

သော်မတ်စ်မူလာ ဟာ ဂျာမနီလက်ရွေးစင် အတွက် ပွဲပေါင်း(၁၁၀)ပါဝင်ကစားထားပြီး (၄၂)ဂိုး သွင်းယူကာ (၂၀၁၄)ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Sportbible