CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၂၂

ဘိုင်ယန်မြူးနစ်အသင်းဟာ အင်္ဂလန်နောက်ခံလူဂျွန်စတုန်းစ်ကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

ဒီအပြောင်းအရွှေ့သာဖြစ်ခဲ့ရင် ဂျွန်စတုန်းစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်နေတဲ့ သူ့ရဲ့မန်စီးတီး အသင်းဖော်ဟောင်း ကွန်ပနီနဲ့ ပြန်လည်လက်တွဲရမှာဖြစ်သလို အင်္ဂလန်အသင်းဖော်ဟာရီကိန်းနဲ့ ပြန်ပြီး တွဲဖက် ကစားရမှာ ဖြစ်ပါတယ်။ 

ဂျွန်စတုန်းစ်ဟာ ဆယ်စုနှစ်ကြာကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ဒီရာသီကုန်ရင် စာချုပ် ကုန်ဆုံးပြီဖြစ်လို့ ထွက်ခွာတော့မှာပါ။ 

အဲဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျွန်စတုန်းစ်ကို အလွတ်နဲ့ခေါ်ယူလို့ရမှာ ဖြစ်ပါတယ်။ 

ဂျွန်စတုန်းစ်ဟာ မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၂၉၀ ကျော် ပါဝင်ကစားထားပြီး ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ကာရာဘောင်း လိဂ်ဖလား ၅ ကြိမ်၊ FA ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့တာပါ။ 

ဂျွန်စတုန်းစ်ဟာ အသင်းဟောင်းအဲဗာတန်အသင်းထံ ပြန်ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခံနေရသလို တန်းတက် ကိုဗင်ထရီအသင်းအပါအဝင် အသင်းတချို့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

ဒါပေမယ့် ကွန်ပနီရဲ့ ဦးဆောင်မှုအောက်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ကစားရမှာက ဂျွန်စတုန်းစ်ကို ဆွဲဆောင်မှုရှိစေမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

ကွင်းလယ်နေရာမှာပါ ကစားနိုင်တဲ့ ဂျွန်စတုန်းစ်ဟာ မန်စီးတီးအသင်းရဲ့ဆုဖလားအောင်မြင်မှုတွေမှာ အဓိက အရေးပါတဲ့သူတစ်ဦးအဖြစ် ရှိခဲ့တာပါ။ 

ဒါပေမယ့် ဂျွန်စတုန်းစ်ဟာ ဒဏ်ရာတွေ၊ ကြံ့ခိုင်မှုမပြည့်ဝတာတွေကြောင့် ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာ ပွဲကစားချိန်အကန့်အသတ်နဲ့သာ ရရှိခဲ့တာဖြစ်ပါတယ်။ 

Source:DailyMail