CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅

ရာဖေးလ်နာဒယ်လ်က ဂရမ်းဆလမ်း ဆုဖလားကို စံချိန်တင် (၂၁)ကြိမ်မြောက် ရယူနိုင်တာဟာ ဂျိုကိုဗစ်နဲ့ ဖက်ဒဲရားတို့ကို အနိုင်ရတာ မဟုတ်သေးဘဲ ပြိုင်ဆိုင်မှုတွေ မပြီးဆုံးသေးဘူးလို့ ထင်ကြောင်း ပြောလိုက်ပါတယ်။

စပိန်တင်းနစ် ကစားသမားဟာ ပြီးခဲ့တဲ့အပတ်က မက်ဗီးဒပ်ဖ်ကို အနိုင်ရပြီး သြစတြေးလျအိုးပန်း ချန်ပီယံဆုပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြစတြေးလျအိုးပန်းပြိုင်ပွဲမှာ ဂျိုကိုဗစ်ဟာ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတာကြောင့် ဗီဇာရုပ်သိမ်းခံရပြီး ပြည် နှင်ဒဏ် ပေးခံခဲ့ရသလို ဖက်ဒဲရားကလည်း ဒဏ်ရာကြောင့် အနားယူနေရတာပါ။ ဒါကြောင့် နာဒယ်လ်ဟာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး အကြိမ်(၂၀)စီ ရရှိထားတဲ့ ဗက်ဒဲရား၊ ဂျိုကိုဗစ် တို့ကို တစ်ကြိမ်အသာစီးနဲ့ ထိပ်ဆုံးရောက်ရှိသွားခဲ့ပါတယ်။

နာဒယ်လ် ဟာ ဂရမ်းဆလမ်း ဆုဖလားကို (၂၁)ကြိမ် ရယူထားပြီး အမျိုးသား တင်းနစ် ကစားသမားတွေထဲမှာ ဂရမ်းဆလမ်း ဆုဖလား အများဆုံးရ ကစားသမားအဖြစ် စံချိန်တင်ခဲ့တာပါ။

ဖက်ဒဲရား၊ နာဒယ်လ်၊ ဂျိုကိုဗစ်တို့ကိုတွေ့ရစဉ်(Daily Express)

နာဒယ်လ်က “သိပ်မကြာသေးခင်က တင်းနစ်ပြိုင်ပွဲကို ပြန်လာပြီး ကစားရတာ အလွန်ပျော်ပါတယ်။ကျနော့်ရဲ့ စကားပြောပုံ က မပြောင်းလဲသလို ချဉ်းကပ်ပုံကလည်း မပြောင်းလဲပါဘူး။ ဂရမ်းဆလမ်းဆုဖလား အများဆုံးရတဲ့သူ ဖြစ်ချင်လားဆိုရင် ဖြစ်ချင်ပါတယ်။ အခုရရှိထားတဲ့ (၂၁)ကြိမ်ဟာ ဂရမ်းဆလမ်း အများဆုံးရရှိထားတဲ့ ကစားသမားအဖြစ် အဆုံးသတ်နိုင်ဖို့ လုံလောက်တယ်လို့ မထင်ကြောင်း”သတင်းစာ ရှင်းလင်းပွဲမှ ပြောခဲ့ပါတယ်။
နာဒယ်လ်ဟာ အစောပိုင်းက မဲလ်ဘုန်းမှာ ကျင်းပတဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ပါဝင်ဖို့ မသေချာခဲ့ပေမယ့် နောက်ပိုင်း မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး အောင်ပွဲပါ ရယူနိုင်ခဲ့တာပါ။ စပိန်နာမည်ကျော် ကစားသမားဟာ ခြေဖဝါးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ဒုတိယရာသီဝက်ကို မပါဝင်နိုင်ခဲ့သလို ခရစ္စမတ် မတိုင်ခင်ကလည်း ကိုဗစ်ကူးစက် ခံခဲ့ရတာ ဖြစ်ပါတယ်။

နာဒယ်လ်က “ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က စိတ်ကူးဖို့ အလွန်ခက်ခဲတဲ့ အရာဖြစ်တဲ့ အမြင့်ဆုံး အားကစားအဆင့် ကိုလည်း ပြန်ပြီး ခံစားလို့ ရခဲ့ပါတယ်။ ထူးခြားမှုတစ်ခုခုကို ရရှိခဲ့တဲ့အပြင် ကျနော့်အတွက်တော့ အကောင်းဆုံး ကစားသမား တွေနဲ့ အမြင့်ဆုံး အဆင့်အထိ ထပ်ပြီးယှဉ်ပြိုင်နိုင်ဖို့က အလွန်ကောင်းမွန်ပါတယ်။ ဒါက ကျနော့်အတွက်ရော အနာဂတ် အတွက်ပါ အရေးကြီးတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။