CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၈

မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ရော်နယ်ဒို ဟာ ၎င်းရဲ့တန်ကြေးကို သတ်မှတ်ပေးတဲ့ Transfermarkt ရဲ့ တန်ကြေးဖြတ်မှုအပိုင်းနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် အဆိုပါ ဆိုဒ်ရဲ့ အင်စတာဂရမ်ကို ဘလော့ခ် ပစ်ခဲ့ တယ်လို့ goal.com သတင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

အဆိုပါ Transfermarkt ရဲ့ဝက်ဘ်ဆိုဒ်တွင် အလုပ်လုပ်ကိုင်နေသူများဟာ ကစားသမားတို့ရဲ့အချက်အလက်တွေ ကို အကဲဖြတ်ကာ ကစားသမားတဦးချင်းစီရဲ့တန်ကြေးနဲ့ကိုက်ညီတယ်လို့ ယူဆရတဲ့အရေအတွက်ကို ဖော်ထုတ်ဖို့ သုတေသနတွေပြုခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် (၂၀၂၀) မတ်လမှာတော့ Transfermarkt ဟာ ပေါ်တူဂီအသင်းခေါင်းဆောင်ကို တန်ကြေး ယူရို ၇၅ သန်း သတ်မှတ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ ကစားသမားနဲ့ပြဿနာတွေ ရှိခဲ့တာပါ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး Transfermarkt ရဲ့ ညှိနှိုင်းရေးမှူး ခရစ်စတီယန်ရှဝါ့ဇ် က ပြန်လည်ရှင်းပြခဲ့တာဖြစ်ပါတယ်။

“သူက ကျနော်တို့ရဲ့ ဆိုရှယ်မီဒီယာကို ပထမဆုံး မက်ဆေ့ချ်ပေးပို့ပါတယ်။ သူတို့ကလည်း ရော်နယ်ဒိုကို ဘာကြောင့်လဲဆိုတာကို ပြန်ရှင်းပြခဲ့ပါတယ်။ သူတို့က ခင်ဗျားရဲ့အသက်အရွယ်အုပ်စုမှာ ခင်ဗျားက နံပတ်(၁)ပဲလို့ ပြန်ပြောခဲ့ပါတယ်။ ဒါဟာ ပေါင်သန်း ၃၀ နဲ့ ၅၀ ရော်နယ်ဒိုနဲ့လူစာရင်းထဲက နောက်ထပ်ကစားသမားတွေကြား ကွာဟချက်ပါပဲ။ အဲဒီလိုလည်း ပြောပြီးရော သူက အပြုံး emoji ပုံတချို့ပို့ပြီး ကျနော်တို့ကို ဘလော့ခ် သွားပါတယ်”လို့ The Athletic ကို ပြောခဲ့တာဖြစ်ပါတယ်။

အဆိုပါ Transfermarkt ဟာ အေးဂျင့် ဂျော့ချ်မန်ဒတ်စ် ရဲ့ အစုအဖွဲ့ထဲက ၁၁ ဦးကို တွက်ချက်ခဲ့တာပါ။ ဒီထဲမှာ ရော်နယ်ဒိုရဲ့ ပေါ်တူဂီ အသင်းဖော် ဘာနာဒိုဆေးလ်ဗား က ယူရိုသန်း ၁၀၀ နဲ့ အများဆုံးအဖြစ် ရှိနေတာ ဖြစ်ပါ တယ်။Transfermarkt ဟာ လက်ရှိအချိန်မှာ ရော်နယ်ဒိုကို ပေါင် ၃၁ ဒသမ ၅ သန်းသာ သတ်မှတ်ထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ (၂)နှစ်ကထက် ထက်ဝက်နီးပါးလျော့နည်းနေခဲ့တာပါ။ ရော်နယ်ဒိုဟာ လာမယ့်လမှာ အသက် (၃၇)နှစ်ပြည့်တော့မှာဖြစ်ပြီး ကစားသမားတဦးရဲ့တန်ဖိုးကို ဆုံးဖြတ်တဲ့အခါမှာ အသက်အရွယ်က ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။

ခရစ်စတီယန်ရှဝါ့ဇ် က “အခုအချိန်မှာ အသက်အရွယ်က အရေးကြီးဆုံးအချက်တချက်ဖြစ်ပါတယ်။ ပြီးတော့ ရော်နယ်ဒိုက မက်ဆီနဲ့အတူတူပါပဲ။ သူတို့ဟာ အသက်အရွယ်ကြောင့်သာ သူတို့ရဲ့တန်ဖိုးကို လျော့ကျစေပါ လိမ့်မယ်။ လွန်ခဲ့တဲ့ (၃)နှစ်လောက်က ကောင်းမွန်နေတယ်ဆိုရင်တောင် သူတို့ဟာ (၃)နှစ်လောက် ကြီးမားနေပါ ပြီ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ အသက်အရွယ်ရလာပြီဖြစ်ပေမယ့် ဒီ ရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ကစားနေတာဖြစ်ပြီး ပြိုင်ပွဲစုံ (၁၄)ပွဲ ပါဝင်ကစားကာ (၂၄) ဂိုး သွင်းယူထားတာဖြစ်ပါတယ်။

Source: Goal