၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁

ဗီနီဇီယာနဲ့ အေစီမီလန်အသင်း အမာခံပရိသတ်တို့ဟာ စီးရီးအေပွဲမစခင် ပင်လယ်ပြင်မှာ အပြိုင်တိုက်ခိုက်ခဲ့ကြ တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါနှစ်သင်းရဲ့ အားပေးသူပရိသတ်တွေဟာ ပွဲမစတင်ခင်မှာ သူတို့ရဲ့သင်္ဘောတွေပေါ်ကနေ တဖက်နဲ့ တဖက် အပြိုင်မီးရူးမီးပန်းတွေကို ပစ်လွှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဗီနီဇီယာနဲ့ အေစီမီလန်အသင်းတို့ရဲ့ အမာခံပရိသတ် အစုအဖွဲ့ဟာ သင်္ဘောစီးပြီး အဲဒီပွဲကို သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အဲဒါကြောင့် အဆိုပါနှစ်သင်းရဲ့ပရိသတ် တွေဟာ ရေလမ်းပေါ်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဲဒီလို နှစ်ဖက်အသင်း ပရိသတ်တွေ အပြန်အလှန်မီးရူးမီးပန်းတွေနဲ့ ပစ်လွှတ်နေကြတဲ့ ဗီဒီယိုဟာ တွစ်တာပေါ် မှာ လူကြည့်များခဲ့တာပါ။ ဗီနီဇီယာ ပရိသတ်တွေကို ပို့ဆောင်ပေးခဲ့တဲ့ သင်္ဘောဟာ ၎င်းတို့ရဲ့ ပစ်လွှတ်လိုက်တဲ့ မီးရှူးမီးပန်းအရောင်ဖြစ်တဲ့ အနက်ရောင်မီးခိုးတွေ ဖုံးလွှမ်းခဲ့ပြီး အေစီမီလန်အသင်း ပရိသတ်တွေရဲ့ သင်္ဘော ကတော့ အနီရောင်မီးခိုးတွေ ဖုံးလွှမ်းခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူတို့နှစ်သင်းရဲ့ အရောင်တွေဖြစ်ပါတယ်။ သူတို့ နှစ်သင်းရဲ့အမာခံပရိသတ်တွေဟာ ပင်လယ်ထဲမှာ တိုက်ပွဲဖြစ်ခဲ့ကြပေမယ့် ပွဲကစားချိန်မှာတော့ ဘာမှမဖြစ်ခဲ့ဘဲ ပြီးဆုံးသွားခဲ့တာပါ။

Photo - EPA

ဒီပွဲမှာ အေစီမီလန်အသင်းက အိမ်ရှင် ဗီနီဇီယာအသင်းကို ၃ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အေစီမီလန် အတွက် ဂိုးတွေကို အီဘရာဟီမိုဗစ်က (၁)ဂိုးနဲ့ သီယိုဟာနန်ဒတ်က (၂)ဂိုးသွင်းယူခဲ့တာပါ။ ဒီပွဲမှာ ဗီနီဇီယာ နောက်ခံလူ ဆဗိုဘိုတာသည် တဖက်က ဂိုးဝင်နှိုင်မှုကို လက်နဲ့တားဆီးခဲ့သလိုဖြစ်ခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။(၂၀၁၀-၁၁)ရာသီနောက်ပိုင်း စီးရီးအေဖလား မရယူနိုင်တော့တဲ့ အေစီမီလန်အသင်းဟာ ဒီပွဲမှာအနိုင်ရခဲ့တာကြောင့် ထိပ်ဆုံးနေရာက အင်တာမီလန်အသင်းနဲ့ (၁)မှတ်အကွာ အဆင့်(၂) နေရာမှာ ဆက်လက်ရပ်တည်နေခဲ့တာပါ။

အေစီမီလန်နည်းပြ ပိုင်အိုလီက “ဒီနှစ်ဟာ ကျနော်တို့ ကိုယ်တိုင်သက်သေပြရမယ့်နှစ်ပါ။ ကျနော်တို့ဟာ ပြိုင် ဆိုင်မှုပြင်းထန်ကြောင်း ပြသဖို့လိုပါတယ်။ ဆုဖလားရယူနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။ ဒါဟာ လွယ်တဲ့ပွဲတော့မဟုတ်ပါဘူး။ ကျနော်တို့ ရိုးရိုးရှင်းရှင်နဲ့ကောင်းမွန်အောင်လုပ်ခဲ့ပြီး အသင်းအတွက် နိုင်ပွဲဖြစ်ခဲ့ ပါတယ်”လို့ ပြောခဲ့တာပါ။

ဗီနီဇီယာအသင်းကတော့ တန်းဆင်းဇုန်ရဲ့အထက်အဆင့်(၁၇)နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲက အသင်းဖြစ်တဲ့ ကာဂလီယာရီအသင်းနဲ့ (၄)မှတ်ကွာဟနေတာဖြစ်ပါတယ်။

Source: Daily mail