CNI Sport News

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၂

အက်စတွန်ဗီလာ အသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ အသင်းတိုက်စစ်မှူး ရက်ရှ်ဖိုဒ့် ရဲ့ စွမ်းဆောင်ရည်ကို မန်ချက်စတာယူနိုက်တက် ပရိသတ်တွေက စိတ်ပျက်ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲမှာ တော်မီနေးရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် အက်စတွန် ဗီလာ အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး စတုတ္တအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ရက်ရှ်ဖိုဒ့်ဟာ ဂိုးရနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် အင်္ဂလန်ကစားသမားဟာ ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့တာပါ။

ဂရင်းဝုဒ်ဟာ ညာတောင်ပံကနေ ဆွဲလာပြီး ကန်သွင်းခဲ့ရာမှာ အက်စတွန်ဗီလာ ဂိုးသမား မာတီနတ်စ် ပုတ်ထုတ် ခဲ့ပြီး ဘောလုံးပြန်ထွက်လာခဲ့ပေမယ့် ရက်ရှ်ဖိုဒ့် က ဘောလုံးရယူဖို့ မကြိုးစားခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အက်စတွန်ဗီလာ ဂိုးသမားက ဘောလုံးကို အလွယ်တကူပဲ ဖမ်းယူနိုင်ခဲ့တာပါ။ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကတော့ ဒီအဖြစ် အပျက်နဲ့ပတ်သက်ပြီး ရက်ရှ်ဖိုဒ့်ကို စိတ်ပျက်ခဲ့ကြတာဖြစ်ပါတယ်။ မန်ချက် စတာယူနိုက်တက် ပရိသတ်တွေဟာ ပွဲအပြီးမှာပဲ တွစ်တာပေါ်မှာ ရက်ရှ်ဖိုဒ့်ရဲ့ လုပ်ဆောင်ပုံကို စိတ်ပျက် နေကြောင်း ရေးသားခဲ့ကြတာပါ။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒူဘလင်က ရက်ရှ်ဖိုဒ့်ဟာ ပွဲအပေါ်မှာ စိတ်ဝင်စားမှုမရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း ပွဲကစားချိန်အနည်းငယ်ပဲ ရခဲ့သလို ခွဲစိတ်ဒဏ်ရာ တွေနဲ့ ပုံစံကောင်း ပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ကစားသမားဘဝ အခက်အခဲဆုံးကာလကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။ ဒူဘလင်က “ရက်ရှ်ဖိုဒ့်ဟာ သူ့ကိုယ်သူ ရိုးရှင်းတဲ့သွင်းဂိုးကို မလိုချင်ဘူးလို့ မြင်နေတဲ့ပုံပါပဲ။ သူ့ကို ကြည့်ရတာ စိတ်ပျက်ဖို့ကောင်းပြီး သူပြုံးတာကိုလည်း မတွေ့ရတာကြာပြီ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဂန္တဝင်တိုက်စစ်မှူးဟောင်း အလန်ရှီးယားကလည်း ဒူဘလင် ပြောတာကို သဘောတူခဲ့ပြီး ရက်ရှ်ဖိုဒ့်ဟာ အလုပ်လုပ်တာမှာ စိတ်မပါသလိုဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။ အလန်ရှီးယားက “သူဟာ ပထမပိုင်းမှာ အနည်းငယ်ပိုကောင်းမယ်လို့ ထင်ပါတယ်။ သူ့မှာ ဒဏ်ရာတွေရှိခဲ့ပြီး ယုံကြည်မှုလည်း နည်းနေ တာကြောင့် ရုန်းကန်နေရတယ်လို့ ကျနော်နားလည်ပါတယ်။ သူဟာ အလုပ်ကိုကြိုးစားပုံရပေမယ့် ဘောလုံး ကစားရမှာ သိပ်ပြီးပျော်ရွှင်နေပုံမရပါဘူး။ ဒါဟာ သင်ယူစရာတွေပါပဲ၊ အဲဒါကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ သင်ယူပါလို့” ပြောခဲ့တာပါ။

ရက်ရှ်ဖိုဒ့်ဟာ ပွဲပြီးခါနီးလူစားလဲအပြီး အရန်ခုံတန်းပေါ်မှာ ထိုင်နေရာမှာလည်း စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ တာကို တွေ့မြင်ခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက်ကစားသမားဟာ ဒီ ရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၁၅)ပွဲကစားထားရာမှာ (၃) ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Source: Daily mail