CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀
အက်သလက်တီကိုအသင်းတိုက်စစ်မှူးအယ်လ်ဗာရက်ဇ်ဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ထင်ကြေးသတင်းတွေကို ထပ်မံငြင်းဆန်သွားခဲ့ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးအယ်လ်ဗာရက်ဇ်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဥရောပထိပ်သီးအသင်း တွေရဲ့ပစ်မှတ်ဖြစ်နေတာကြောင့် အက်သလက်တီကိုအသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ် နေတာပါ။
အယ်လ်ဗာရက်ဇ်ကတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းမှုတွေကို ပယ်ချခဲ့ကာ ဒီရာသီမှာ အောင်မြင်မှုတွေရယူနိုင်ဖို့ အားလုံးအတူတကွ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ မန်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ အယ်လ်ဗာရက်ဇ်နဲ့ အက်သလက်တီကိုအသင်းတို့ ချုပ်ဆို ထားတဲ့ စာချုပ်ဟာ ၂၀၃၀ ခုနှစ်အထိ သက်တမ်းရှိနေတာပါ။
အက်သလက်တီကိုအသင်းအတွက် ပွဲပေါင်း ၁၀၀ ကစားထားပြီး ၄၆ ဂိုးသွင်းယူထားတဲ့ အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းအောင်မြင်မှုမရခဲ့တာကြောင့် စိတ်ပျက်နေပေမယ့် ဒီရာသီမှာ ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ရောက်ရှိနေတဲ့ အတွက် ဆုဖလားရဖို့ မျှော်လင့်ချက်ရှိနေပါတယ်။

အယ်လ်ဗာရက်ဇ် ကိုတွေရစဉ်
အက်သလက်တီကိုအသင်းနဲ့ နည်းပြဆီမြွန်နီတို့ကလည်း နွေရာသီမှာ အယ်လ်ဗာရက်ဇ်ကို ရောင်းချဖို့ ရည်ရွယ် ထားခြင်းမရှိဘူးလို့ ပြောထားတာပါ။
အယ်လ်ဗာရက်ဇ်ကတော့ သူတို့ဟာ လက်ရှိအချိန်မှာ တိုးတက်အောင် လုပ်ဖို့အာရုံစိုက်ပြီး လာမယ့်ပွဲတွေကို အကောင်းဆုံးကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘာစီလိုနာအသင်းနဲ့ယှဉ်ပြိုင်ရမယ့် အက်သလက်တီကိုအသင်းဟာ လာမယ့် လာလီဂါပွဲအဖြစ် ရီးရယ်လ်အသင်းနဲ့ မက်ဒရစ်ဒါဘီယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Besoccer
