CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁

အက်သလက်တီကိုအသင်း တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ထံ ပြန်လာဖို့ စိတ်ဝင်စားနေပါတယ်။ 

အယ်လ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက အက်သလက်တီကိုအသင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနေတာပါ။ 

ဒါပေမယ့် အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်းမှာ ဆုဖလား ရယူနိုင်ဖို့ မျှော်လင့်ချက်ကတော့ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ 

အက်သလက်တီကိုအသင်းဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါပြိုင်ပွဲမှာ အဆင့် ၃ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့သလို ဒီရာသီမှာ အဆင့် ၁ နေရာက ဘာစီလိုနာအသင်းနဲ့ ၈ မှတ်အကွာအဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ 

အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အင်္ဂလန်ထံ ပြန်လာဖို့ ချိတ်ဆက်မှုတွေခံခဲ့ရပြီး အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ တိုက်စစ်ပိုင်းကို အားမဖြည့်မီ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာပါ။ 

ဘာစီလိုနာနဲ့ PSG အသင်း အပါအဝင် အသင်းအများအပြားဟာ အယ်လ်ဗာရက်ဇ်ကို စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဗာရက်ဇ်ကို တွေ့ရစဉ်

အခုအချိန်မှာ ဒေးလီးမေးလ်က ချယ်လ်ဆီးအသင်းဟာ အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်း တွေထဲမှာ ပါဝင်လာခဲ့တယ်လို့ ဖော်ပြထားတာပါ။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ပက်ဒရိုနဲ့ ဒီလပ်တို့ကို ပေါင်သန်း ၁၀၀ နီးပါး အသုံးပြုပြီး ခေါ်ယူခဲ့ ပေမယ့် အားရမှုမရှိတာကြောင့် တိုက်စစ်ပိုင်းကို ထပ်အားဖြည့်ချင်နေတာဖြစ်ပါတယ်။ 

အယ်လ်ဗာရက်ဇ်ကလည်း မန်စီးတီးအသင်းမှာ ကစားခဲ့ချိန်က ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား နဲ့ အခြား ဆုဖလားတွေကို ရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ထံ ပြန်လာချင်နေတယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

အက်သလက်တီကိုအသင်းဟာ အယ်လ်ဗာရက်ဇ်ကို ရောင်းချဖို့ ဆန္ဒမရှိပေမယ့် ယူရိုသန်း ၁၀၀ ပေးမယ်ဆိုရင် အပြောင်းအရွှေ့ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ 

Source: Metro