CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
အာဆင်နယ်အသင်းနည်းပြ အာတီတာက မကြာသေးမီက ပွဲတွေမှာ အသင်းအတွက် သွင်းဂိုးတွေ သွင်းယူပြီး ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှူး ယိုကီရက်စ်ဟာ အသင်းရဲ့ဆုဖလား ၄ လုံး ပစ်မှတ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိဖို့ မျှော်လင့်နေပါတယ်။
အာတီတာက “သူ့ရဲ့အရည်အချင်းတွေကို ကျနော်တို့သိပြီး သူက မယုံနိုင်စရာကောင်းတဲ့ တိုက်စစ်မှူး တစ်ဦးဆို တာ သံသယဖြစ်စရာ မလိုပါဘူး။ သူ့ရဲ့ အားသာချက်တွေနဲ့ ကျနော်တို့ ကစားဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ ခံစစ် ကစားသမားတွေက သူနဲ့လေ့ကျင့်တဲ့အချိန် သူ့ကိုရင်ဆိုင်ရတာ ဘယ်လိုခံစားရလဲလို့ မေးတဲ့အချိန်မှာ အိပ်မက်ဆိုးတစ်ခုလို့ ပြောခဲ့ကြောင်း” ဖွင့်ဟခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်လာခဲ့တဲ့ ယိုကီရက်စ်ဟာ အာဆင်နယ်အသင်း ကစား သမား ဘဝအစကို ခက်ခဲမှုတွေနဲ့ စတင်ခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကိုတွေ့ရစဉ်
ဒါပေမယ့် ယိုကီရက်စ်ဟာ စပါးအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် ၂ ဂိုး သွင်းယူခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်ထဲမှာ သူ့ရဲ့ပြိုင်ပွဲစုံ သွင်းဂိုးက ၈ ဂိုးအထိ ရှိလာခဲ့ပါတယ်။
ဒါ့ပြင် ယိုကီရက်စ်ဟာ အာဆင်နယ်အသင်း ကစားသမားဘ၀ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ ဂိုးအထိ ရှိလာခဲ့ပါ တယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီဆုဖလား ၄ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာနဲ့အတူ နည်းပြ အာတီတာက တိုက်စစ်မှူး ယိုကီရက်စ်ဟာ ဒီထက်ပိုပြီး တိုးတက်ကာ အသင်းကို အများကြီး အကူအညီ ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။
အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့မှာ ကစားရမယ့် ချယ်လ်ဆီးအသင်းကို ပြီးခဲ့တဲ့ လိဂ်ဖလားပြိုင်ပွဲမှာ အနိုင်ရ ခဲ့ပေမယ့် နည်းပြအာတီတာက လွန်ခဲ့တဲ့ ၂ ပတ် ဒါမှမဟုတ် ၂ နှစ်လောက်က လုပ်ခဲ့တဲ့အရာတွေဟာ အရေး မပါတော့ဘူးလို့ မှတ်ချက် ပေးခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်အဖြစ် လေဗာကူဆင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:besoccer
