CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈
အာဆင်နယ်အသင်းနည်းပြ အာတီတာက တိုက်စစ်မှူးသစ် ယိုကီရက်စ် အသင်းအတွက် ပွဲဦးထွက်မှာကို ပရိသတ်တွေ စောင့်ဆိုင်းရဖွယ်ရှိတယ်လို့ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာ ပြောခဲ့ပါ တယ်။
အာတီတာက “သူဟာ စပို့တင်းအသင်းအတွက် နောက်ဆုံးပွဲ ကစားပြီးကတည်းက အသင်းနဲ့လေ့ကျင့်မှု တစ်ကြိမ် မှ ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ ကျနော်ထင်ပါတယ်။ အဲဒါကြောင့် သူ့ကို ကျနော်တို့ရဲ့ ဆေးအဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ။ သူ့ကိုကြည့်ရတာ အရာအားလုံး ကောင်းမွန်နေပေမယ့် ကြံ့ခိုင်မှုပိုင်းအ ကောင်းဆုံးဖြစ်နေဖို့က အလွန်အရေးကြီးတယ်လို့ ထင်ပါတယ်။ သူ့ကို ကျနော်တို့ အမြန်ဆုံး အသုံးပြုချင်ပေမယ့် အကဲဖြတ်၊ စစ်ဆေးမှု တွေပြုလုပ်ဖို့ လိုအပ်တယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်း ပရိသတ်တွေဟာ ယိုကီရက်စ်ကို ဗြိတိန်အပြင်ဘက်မှာ ကစားမယ့် စပါးအသင်းနဲ့ မြောက်လန်ဒန် ဒါဘီပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ယိုကီရက်စ်ကို နယူးကာဆယ်အသင်းနဲ့ ပွဲမတိုင်မီ ကစားသမားသစ်အဖြစ် အသင်း ပရိသတ်တွေအရှေ့မှာ မိတ်ဆက်ခဲ့တာပါ။
အာတီတာကို တွေ့ရစဉ်
ယိုကီရက်စ်ဟာ အာဆင်နယ် အသင်းဖော်သစ်တွေနဲ့အတူ ရှိနေပေမယ့် နည်းပြ အာတီတာကတော့ သူ့ကို အသုံးပြုလို့ရဖွယ် ရှိ/မရှိ အတည်မပြုမီ အကဲဖြတ် စစ်ဆေးမှုတွေ ပြုလုပ်ရမယ်လို့ ပြောခဲ့ပါတယ်။
ယိုကီရက်စ်ဟာ အာဆင်နယ်အသင်း ဂျာစီဝတ်ဆင်ပြီး အသင်းပရိသတ်တွေ အရှေ့မှာ ပထမဆုံး သွင်းဂိုး သွင်းယူနိုင်ဖို့ မစောင့်ဆိုင်းနိုင်တော့ဘူးလို့ စာချုပ်ချုပ်အပြီးမှာ ပြောခဲ့တာပါ။
ယိုကီရက်စ်ဟာ အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၁၄ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ ခြေစမ်းပွဲတွေအဖြစ် စပါး၊ ဗီလာရီးရယ်လ်၊ ဘီလ်ဘာအိုအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာပါ။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ယိုကီရက်စ်ဟာ စပို့တင်းအသင်း နည်းပြဟောင်း အာမိုရင်နဲ့ ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Source: Goal