CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉
ဒေါ့မွန်အသင်းဟာ ကစားသမားဟောင်း ဆန်ချိုကို အသင်းထံ တတိယအကြိမ်မြောက် မခေါ်ယူမီ သူ့ရဲ့ အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းမှာ အငှားကစားခဲ့တဲ့ ဆန်ချိုဟာ ယူနိုက်တက်အသင်း နည်းပြ အာမိုရင်ရဲ့ အစီအစဉ်မှာ ပါဝင်ခြင်းမရှိဘဲ အသင်းနဲ့အဝေးမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေရတာပါ။
ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် လုပ်ခလစာ လျှော့ယူဖို့ သဘောတူညီမှု မရတဲ့အတွက် ယူနိုက်တက်အသင်းကို ပေါင် ၅ သန်းပေးပြီး ပြန်လည်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဆန်ချိုကို အပြီးသတ် ရောင်းချနိုင်ဖို့ လုပ်ဆောင်နေတာပါ။
Sky Germany က ဆန်ချိုဟာ ဒေါ့မွန်အသင်းရဲ့ အစီအစဉ်ထဲမှာ ပါဝင်နေတာကြောင့် အသင်းအကြီးအကဲတွေဟာ သူ့ရဲ့အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်မှာ ဒေါ့မွန်အသင်းကနေ ခေါ်ယူခဲ့ချိန်က ပြောင်းရွှေ့ကြေး ပေါင် ၇၃ သန်း ပေးချေခဲ့ရပေမယ့် အခုအချိန်မှာ သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၆ သန်းကနေ ၁၈ သန်း ကြားရရင် ကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ အသင့်ရှိနေတာပါ။
ဆန်ချိုကို တွေ့ရစဉ်
ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ပထမဆုံးအကြိမ် ကစားခဲ့ချိန်က ခြေစွမ်းပြသနိုင်ခဲ့သလို ဒုတိယအကြိမ်အဖြစ် ယူနိုက်တက်အသင်းကနေ အငှားသွားရောက် ကစားချိန်မှာ အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ကစားခဲ့တဲ့ ၂ ကြိမ်အတွင်း ပွဲပေါင်း ၁၅၈ ပွဲ ကစားခဲ့ပြီး ၅၃ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဆန်ချိုဟာ ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေလည်း ရှိခဲ့ပေမယ့် အဆင်ပြေမှု မရှိခဲ့တာ ဖြစ်ပါတယ်။
ဆန်ချိုဟာ ဂါနာချို၊ အန်တိုနီ၊ မာလာစီယာတို့နဲ့အတူ ယူနိုက်တက်အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားပြီး အမေရိကန် ရာသီကြိုခရီးစဉ်မှာ ချန်လှပ်ခြင်းခံခဲ့ရတာပါ။
ယူနိုက်တက်အသင်းဟာ သူတို့တွေကို ရောင်းချဖို့ စီစဉ်ထားပေမယ့် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး မရရင် ရောင်းချသွားမှာ မဟုတ်ဘူးလို့ နည်းပြအာမိုရင်က ပြောထားပါတယ်။
Source: Dailymail