CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉

အဲဗာတန်အသင်းဟာ မန်စီးတီးအသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ အင်္ဂလန်ကြယ်ပွင့် ဂရီလစ်ရှ်ကို အငှားနဲ့ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ 

ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် ၇ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ရပြီး ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့တဲ့ အသင်းလူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတာပါ။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဂရီလစ်ရှ်အနေနဲ့ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်ရဖို့နဲ့ ပွဲကစားချိန်တွေ ပိုပြီးရဖို့အတွက် အသင်းကနေထွက်ခွာဖို့ အကြံပြုထားပါတယ်။ 

နာပိုလီနဲ့ ဝက်စ်ဟမ်းအသင်းတို့ဟာ ဂရီလစ်ရှ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အခုအချိန်မှာ အဲဗာတန်အသင်း ကလည်း သူ့ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တယ်လို့ Independent သတင်းမှာ ဖော်ပြထားတာပါ။ 

အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မိုယက်စ်ဟာ ဂရီလစ်ရှ်နဲ့အတူ သူ့ရဲ့အသင်းကို တည်ဆောက်ဖို့ ပြင်ဆင်နေပြီး သူ့ကို လွတ်လပ်စွာ ကစားခွင့်ပေးဖို့လည်း ရှိနေပါတယ်။ 

ဂရီလစ်ရှ်ကိုတွေ့ရစဉ် 

ဂရီလစ်ရှ်နဲ့ မန်စီးတီးအသင်းဟာ စာချုပ် ၂ နှစ် ကျန်ရှိနေပြီး အသင်းကိုသူ့ကို အပြီးသတ် ရောင်းချခြင်ပေမယ့် အငှားကမ်းလှမ်းမှုတွေကိုလည်း စဉ်းစားသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ တစ်ဦးချင်း လေ့ကျင့်မှု အစီအစဉ်တွေ ပြုလုပ်ခဲ့တဲ့ ဂရီလစ်ရှ်ဟာ ရာသီကြို လေ့ကျင့်မှုတွေ ပြန်လည် စတင်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပူးပေါင်းခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်က ပေါင်သန်း ၁၀၀ နဲ့ အက်စတွန်ဗီလာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂရီလစ်ရှ်ဟာ မန်စီးတီး အသင်းအတွက် ၁၅၇ ပွဲ ပါဝင်ကစားထားပြီး ၁၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။ 

ဂရီလစ်ရှ်ဟာ ၂၀၂၂-၂၃ ရာသီက မန်စီးတီးအသင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့ချိန်မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ 

ဂရီလစ်ရှ်ဟာ အင်္ဂလန် လက်ရွေးစင်အသင်း လူစာရင်းထဲမှာ ပြန်လည် ပါဝင်ချင်တာကြောင့် သူ့ကိုပုံမှန်ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။ 

Source: Dailymail