CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၂၆

ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တဲ့ ဒီရာသီပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ မန်စီးတီးအသင်း လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတဲ့ ဂရီလစ်ရှ်ဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ နည်းပြဂွာဒီယိုလာက ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “သူဟာ ၃ ရက်ကိုတစ်ကြိမ် ဘောလုံးကစားရမယ့် မယုံနိုင်စရာ ကစားသမားတစ်ဦးပါ။ ဒါပေမယ့် ဒီရာသီနဲ့ ပြီးခဲ့တဲ့ရာသီမှာ ဖြစ်မလာခဲ့ပါဘူး။ သူ့အနေနဲ့ ဒါကိုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့နဲ့ ဒါမှမဟုတ် အခြားနေရာမှာလားဆိုတာတော့ သူရယ်၊ သူ့အေးဂျင်နဲ့ ကလပ်အသင်းအတွက် မေးခွန်းထုတ်စရာပါ”လို့ ပြောခဲ့ တာပါ။

၂၀၂၁ ခုနှစ်က အက်စတွန်ဗီလာအသင်းကနေ ပေါင်သန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့တဲ့ ဂရီလစ်ရှ်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် ၇ ပွဲသာ ပွဲထွက်လူစာရင်း ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဂရီလစ်ရှ်ကို တွေ့ရစဉ် 

အသက် ၂၉ နှစ်အရွယ်ရှိ ဂရီလစ်ရှ်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဂရီလစ်ရှ် အနေနဲ့ ပုံမှန်ကစားခွင့်ပိုပြီး ရရှိချင်ရင် နွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ ပြောခဲ့ပါတယ်။

ဂရီလစ်ရှ်ကလည်း ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ အင်္ဂလန်အသင်း လူစာရင်းထဲ ပြန်ပါဝင်ခွင့် ရနိုင်ဖို့အတွက် မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတာပါ။

ဂရီလစ်ရှ်ဟာ ဇွန်လထဲမှာ ကစားမယ့် နိုင်ငံတကာ ပွဲစဉ်တွေအတွက် အင်္ဂလန်အသင်း လူစာရင်းမှာ ချန်လှပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ ၂၀၂၂-၂၃ ရာသီမှာ အဓိက ကစားသမား တစ်ဦးဖြစ်ခဲ့တဲ့ ဂရီလစ်ရှ် ဟာ နောက်ပိုင်းနှစ်တွေမှာ အပျော်မက်မောပြီး ပါတီပွဲတွေ မကြာခဏ ဆင်နွှဲမှုကြောင့် ဝေဖန်မှု အများ
အပြား လည်း ခံခဲ့ရတာပါ။ 

ဂရီလစ်ရှ်ဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၅၇ ပွဲ ပါဝင်ကစားထားပြီး ၁၇ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား ၇ ခု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: ESPN