CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉
အီတလီနဲ့ရိုးမားအသင်းဂန္ထဝင် တော့တီရဲ့သားဖြစ်သူ ခရစ္စတီယန်တော့တီဟာ အသက် ၁၉ နှစ်အရွယ်မှာ ဘောလုံးကစားသမား ဘဝကနေ အနားယူခဲ့ပြီ ဖြစ်ပါတယ်။
ခရစ္စတီယန်တော့တီဟာ လက်ရှိအချိန်မှာ မိသားစုရဲ့ ဘောလုံးကျောင်းမှာ ကင်းထောက်ရာထူးရယူကာ ဖခင်ဖြစ်သူနဲ့ ပူးပေါင်းဖို့ စီစဉ်ထားတာပါ။
ခရစ္စတီယန်တော့တီဟာ ဖခင်ဖြစ်သူနဲ့တူညီတဲ့ အဆင့်အတန်းမျိုး မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် စိန်ခေါ်မှု အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ခရစ္စတီယန်တော့တီဟာ စီးရီးဒီကလပ် အိုလ်ဘီယာအသင်းမှာ နောက်ဆုံးကစားခဲ့ပြီး ပွဲအနည်းငယ်သာ ကစားခဲ့ရတာပါ။
ခရစ္စတီယန်တော့တီဟာ လပေါင်းများစွာကြာ အသင်းလက်မဲ့ ဖြစ်ခဲ့ပြီးနောက် La Nuovo နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အနားယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
ခရစ္စတီယန်တော့တီဟာ ဖခင်ဖြစ်သူရဲ့ အောင်မြင်မှုနဲ့ နှိုင်းယှဉ်ခံခဲ့ရတာကြောင့် ကြီးမားတဲ့ ဖိအားတွေအပြင် သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစားအပေါ် ဝေဖန်မှုတွေဟာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး တစ်ခုလို ခံစားခဲ့ရတာပါ။
ခရစ္စတီယန်တော့တီနဲ့ တော့တီကို တွေ့ရစဉ်
ခရစ္စတီယန်တော့တီဟာ ရိုးမား၊ ဖရိုစင်နိုနီ၊ ဗယ်လက်ကာနို လူငယ်အသင်းတွေမှာ ကစားခဲ့ပါတယ်။
ကွင်းလယ်လူ ခရစ္စတီယန်တော့တီဟာ ဖရိုစင်နိုနီအသင်းအတွက် ပါဝင်ကစားချိန်မှာ သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ တာပါ။
ခရစ္စတီယန်တော့တီရဲ့ နောက်ဆုံးနည်းပြဖြစ်သူ မာကိုက သူဟာ တော့တီရဲ့ သားဖြစ်တဲ့အတွက် အကဲဖြတ်မှုတွေ အများအပြား ခံခဲ့ရပြီး ဖိအားများလွန်းခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ခရစ္စတီယန်တော့တီဟာ သူ့ရဲ့နောက်ဆုံးရာသီမှာ အိုလ်ဘီယာအသင်းအတွက် ၁၅၆ မိနစ် ကစားခဲ့တယ်လို့ သိရပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ ခရစ္စတီယန်တော့တီဟာ ကစားသမားဘဝကနေ အနားယူခဲ့ပေမယ့် ဘောလုံးလောကနဲ့ ချိတ်ဆက်မှုတွေ ရှိနေမှာဖြစ်ပြီး ဖခင်ဖြစ်သူ တည်ထောင်တဲ့ Totti Soccer School နဲ့ ချက်ချင်း စာချုပ်ချုပ် ဆိုခဲ့တာ ဖြစ်ပါတယ်။
Source: Goal