CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉

ချယ်လ်ဆီးအသင်းဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းရဲ့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ ဘယ်နောက်ခံ လူ ကူကူရယ်လ်လာကို ရောင်းချဖို့ ရည်ရွယ်ထားခြင်း မရှိဘူးလို့ Football London သတင်းမှာ ဖော်ပြထားပါ တယ်။

၂၀၂၂ ခုနှစ် အပြောင်းအရွှေ့မှာ ဘရိုက်တန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကူကူရယ်လ်လာဟာ ချယ်လ်ဆီး အသင်း ကစားသမားဘဝ အစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် အခုအချိန်မှာတော့ အသင်းရဲ့အဓိက ကစားသမား အဖြစ် ရှိနေတာပါ။ 

ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်ဒိုဟာ ကူကူရယ်လ်လာကို ခေါ်ယူပေးဖို့ အယ်လ်နာဆာအသင်းကို ပြောခဲ့ တယ်လို့ သတင်းတွေ ထွက်ခဲ့ပြီးနောက် ဒီအပြောင်းအရွှေ့ သတင်းဟာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းဖော် ဂျာအိုဖီးလစ်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့သလို အသင်းလူစာရင်း အင်အားတောင့်တင်းအောင် ကူကူရယ်လ်လာကို ပစ်မှတ်ထားလာခဲ့တာပါ။

ဒါပေမယ့် ချယ်လ်ဆီးအသင်းကတော့ ကူကူရယ်လ်လာကို ရောင်းချဖို့ ရည်ရွယ်ထားခြင်း မရှိတာဖြစ်ပါတယ်။ 

ကူကူရယ်လ်လာကို တွေ့ရစဉ်

ကူကူရယ်လ်လာဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလား ရယူနိုင်ခဲ့တဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ၉ ပွဲ၊ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆ ပွဲ အပါအဝင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲ ပါဝင်ကစားခဲ့တာပါ။ 

အသက် ၂၇ နှစ်အရွယ်ရှိ ကူကူရယ်လ်လာနဲ့ ချယ်လ်ဆီးအသင်းရဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ် ရာသီကုန်အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။

ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ထားလို့ အနားယူထားတဲ့ ချယ်လ်ဆီးအသင်းဟာ သြဂုတ် ၄ ရက်မှာ ရာသီကြို ပြင်ဆင်မှုတွေကို ပြန်လည်စတင်မှာပါ။

ချယ်လ်ဆီးအသင်းဟာ သြဂုတ် ၈ ရက်မှာ လေဗာကူဆင်၊ ၁၀ ရက်မှာ အေစီမီလန်အသင်းနဲ့ ရာသီကြို ခြေစမ်း ပွဲတွေ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၇ ရက်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Goal