CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၂၀ နေရာက ဝုလ်ဗ်စ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် နည်းပြ အာမိုရင်က အနိုင်ရလဒ် မရယူနိုင်ခဲ့တဲ့အတွက် ဆင်ခြေပေးစရာမရှိဘူးလို့ ပြောခဲ့ပါတယ်။
အာမိုရင်က “နယူးကာဆယ်နဲ့ပွဲမှာ ကျနော်တို့ ဆင်ခြေကို အသုံးမပြုခဲ့သလို ဒီပွဲမှာလည်း အသုံးပြုမှာ မဟုတ်ပါ ဘူး။ ဒါပေမယ့် ပွဲကိုကြည့်ရင် ကျနော်တို့ ကစားပုံက ဘာကြောင့် ဒီလိုဖြစ်နေလဲဆိုတာ ကျနော် နားလည်ပါတယ်။ ကျနော်တို့ရဲ့ကစားပုံက အလုပ်မဖြစ်ခဲ့တဲ့အတွက် အခက်အခဲတွေ ရှိခဲ့တယ်ဆိုတာ ရှင်းပါတယ်။ ကျနော်တို့ရဲ့ ကစားသမားတွေ အမြန်ဆုံး ပြန်လာမယ်ဆိုရင် လက်ရှိ အခြေအနေက ကွာခြားသွားမှာပါ။ ရမှတ်ဆုံးရှုံးခဲ့တဲ့ အတွက် စိတ်ပျက်တယ်လို့” ပြောခဲ့ပါတယ်။
ဝုလ်ဗ်စ်အသင်းဟာ သရေရလဒ်ကြောင့် ဒီရာသီ ပရီးမီယားလိဂ်ပြိုင်ပွဲမှာ ရမှတ် ၃ မှတ် ရရှိထားပြီး နည်းပြ ရော့ဘ်အက်ဝါဒ့် လက်ထက်မှာ ပထမဆုံး ရမှတ်ရရှိမှု ဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် အပါအဝင် ဒဏ်ရာကြောင့် ကစားသမား ၅ ဦးကို အနားပေးထားရပြီး အာဖရိကဖလားပြိုင်ပွဲထံ ကစားသမား ၃ ဦး စေလွှတ်ထားရတာပါ။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ အဓိက ကစားသမား အများအပြားကို လက်လွှတ်ထားရပေမယ့် ဒီရာသီလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲတစ်ပွဲမှ ရယူနိုင်ခြင်း မရှိသေးတဲ့ ဝုလ်ဗ်စ်အသင်းကို အနိုင်ရယူသင့်တယ်လို့ နည်းပြအာမိုရင်က ပြောခဲ့ပါ တယ်။
ဒီပွဲမှာ ယူနိုက်တက်အသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်က အိမ်ကွင်းမှာ အနိုင် ရလဒ် မရယူနိုင်ခဲ့တဲ့အပေါ် အလွန်စိတ်ပျက်မိကြောင်းနဲ့ လာမယ့်ပွဲမှာ ရလဒ်ကောင်းရယူဖို့ ကြိုးပမ်းရမယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ၂၀၂၆ ခုနှစ်မှာ ပထမဆုံးပွဲအဖြစ် လိဒ်စ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
