CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉

နယ်သာလန်တိုက်စစ်မှူး ဇက်ခ်ဇီဟာ ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူခဲ့တာကြောင့် လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး အီတလီကလပ်ထံ ပြောင်းရွှေ့မယ်လို့ အီတလီသတင်း တွေမှာ ဖော်ပြထားပါတယ်။ 

၂၀၂၄ ခုနှစ် နွေရာသီမှာ ပေါင် ၃၆.၅ သန်းနဲ့ ဘိုလော့ဂ်နာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဇက်ခ်ဇီဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်အသင်းအတွက် ၄၉ ပွဲ ကစားခဲ့ပြီး ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဇက်ခ်ဇီဟာ ဒီရာသီမှာတော့ ပွဲကစားချိန် မိနစ်တွေ နည်းလာခဲ့ပြီး ပါဝင်ကစားခဲ့တဲ့ ၁၂ ပွဲမှာ ၁ ဂိုး သွင်းယူထား တာပါ။ 

ဇက်ခ်ဇီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် ပါဝင်ချင်တာကြောင့် ပုံမှန် ကစားခွင့်ရနိုင်မယ့် အသင်းကို ရှာဖွေနေခဲ့ပါတယ်။

La Gazzetta dello Sport က ဇက်ခ်ဇီဟာ ရိုးမားအသင်း အားကစားဒါရိုက်တာ၊ နည်းပြ ဂတ်စ်ပါရီနီတို့နဲ့ အပြု သဘောဆောင်တဲ့ ဆွေးနွေးမှုတွေရှိခဲ့ပြီး အပြောင်းအရွှေ့ကို သဘောတူခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ရိုးမားအသင်းနည်းပြ ဂတ်စ်ပါရီနီက ဇက်ခ်ဇီဟာ သူ့ရဲ့ ၃-၄-၂-၁ ကစားကွက်မှာ အံ့ဝင်မယ်လို့ ယုံကြည်နေတာပါ။ 

ဇက်ခ်ဇီကို တွေ့ရစဉ် 

နယ်သာလန် တိုက်စစ်မှူးဟာ အာမက်နဲ့ အမ်ဘူမိုတို့ အာဖရိကဖလား ပြိုင်ပွဲကနေ ပြန်ရောက်လာပြီးနောက် ဇန်နဝါရီလလယ်မှာ ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ကတော့ အသင်းမှာ အစားထိုးမယ့် ကစားသမား တစ်ဦးမရရင် တစ်ဦးဦးကို ထွက်ခွာခွင့်ပေးဖို့ ခက်ခဲလိမ့်မယ်လို့ မကြာသေးမီက ပြောထားတာပါ။

ရိုးမားအသင်းဟာ ဇက်ခ်ဇီကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူပြီး နွေရာသီမှာ ပေါင် ၃၅ သန်းနဲ့ ဝယ်ယူဖို့ ပြင်ဆင် ထားပါတယ်။ 

ဒီအပြောင်းအရွှေ့သာ ဖြစ်ခဲ့ရင် ယူနိုက်တက်အသင်းဟာ ဇက်ခ်ဇီကို ပြန်ရောင်းချတာမှာ အများကြီးရှုံးမှာ မဟုတ်ပါဘူး။ 

ယူနိုက်တက်အသင်း ကွင်းလယ်လူ ကိုဘီမေနူးကလည်း စီးရီးအေကလပ် နာပိုလီအသင်းထံ ပြောင်းရွှေ့နိုင်ပြီး နည်းပြအာမိုရင်က သူဟာ အသင်းရဲ့ အနာဂတ်လို့ ပြောခဲ့ပါတယ်။

Source: Dailymail