CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉

အင်တာမိုင်ယာမီအသင်းဟာ လာမယ့် မေဂျာလိဂ်ရာသီမတိုင်မီ ပြင်ဆင်မှုတွေအဖြစ် ကိုလံဘီယာ၊ပီရူးနဲ့ အီကွေဒေါနိုင်ငံတွေထံ သွားရောက်မယ့် တောင်အမေရိကရာသီကြိုခရီးစဉ်ကို ကြေညာခဲ့ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ ပီရူးဘောလုံးသမိုင်းမှာ ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်ပြီး ပထမတန်း ချန်ပီယံဆု ၂၅ ကြိမ်ရရှိထားတဲ့ အလီယန်ဇာလီမာအသင်းနဲ့ ဇန်နဝါရီ ၂၄ ရက်မှာ စတင်ယှဉ်ပြိုင်မှာပါ။ 

အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲပြီးရင် ကိုလံဘီယာနိုင်ငံထံ ထွက်ခွာကာ ဇန်နဝါရီ ၃၁ ရက်မှာ နေစီယွန်နယ်လ် အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး နောက်ဆုံးပွဲအဖြစ် ဘာစီလိုနာဒီဂွာယာကွီးလ်အသင်းနဲ့ ဖေဖော်ဝါရီ ၇ ရက် အီကွေဒေါနိုင်ငံမှာယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ကိုလံဘီယာကလပ် နေစီယွန်နယ်လ်အသင်းဟာ ပထမတန်းချန်ပီယံဆု ၁၈ ကြိမ်၊ကိုပါလီဘာတေးဒိုးစ်ဖလား ၂ ကြိမ်နဲ့ ဆုဖလားအောင်မြင်မှုအများအပြားရရှိထားတဲ့ အသင်းပါ။ 

ဂွာယာကွီးလ်အသင်းကတော့ အီကွေဒေါ ထိပ်တန်းလိဂ်မှာ ချန်ပီယံဆု ၁၆ ကြိမ်နဲ့ အကြိမ်အရေအတွက်အများဆုံးရရှိထားတဲ့ အသင်းဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ရာသီသစ်အဖွင့်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၁ ရက်မှာ LAFC အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ မေဂျာလိဂ်ဖလားကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်ရယူနိုင်ခဲ့ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ဖလားမရရှိမီမှာ ၂၀၂၃ ခုနှစ်က လိဂ်ဖလား၊၂၀၂၄ ခုနှစ်မှာ Supporters' Shield တို့ကို ရယူနိုင်ခဲ့တာပါ။ 

အင်တာမိုင်ယာမီအသင်းကို ဆုဖလားအောင်မြင်မှုတွေရရှိအောင် ဦးဆောင်နိုင်ခဲ့တဲ့ မက်ဆီဟာ ၂၀၂၅ ရာသီမှာ မေဂျာလိဂ်ရွှေဖိနပ်ဆုကို ပထမဆုံးအကြိမ်ရယူနိုင်ခဲ့သလို မေဂျာလိဂ် MVP ဆုကို ၂ ရာသီဆက်ရရှိခဲ့ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ မကြာသေးမီက တိုက်စစ်မှူးဆွာရက်ဇ်ကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီး ကွင်းလယ်လူဒီပေါလ်ကို အပြီးသတ်ဝယ်ယူခဲ့သလို စပါးအသင်းနောက်ခံလူဟောင်း ရယ်ဂီလွန်ကို အလွတ်နဲ့ ခေါ်ယူထားတာဖြစ်ပါတယ်။ 

Source:ESPN