CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၆

အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလားဆီမီးဖိုင်နယ်အဖြစ် ကစားခဲ့တဲ့ ဖီလာဒဲလ်ဖီးယား အသင်းနဲ့ပွဲမှာ ၄ ဂိုး-  ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး လိဂ်ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ဂိုးတွေကို မာတီးနက်ဇ်၊ မက်ဆီ၊ အယ်လ်ဘာနဲ့ ရူးဝဇ်တို့က သွင်းယူခဲ့ပြီး ဖီလာဒဲလ်ဖီးယားအသင်းအတွက် ဂိုးကိုတော့ ဘီဒိုယာက သွင်းယူခဲ့တာပါ။ 

မက်ဆီဟာ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် အင်တာမိုင်ယာမီ အသင်းအတွက် ၆ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းကလည်း ၆ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မက်ဆီဟာ လက်ရှိအချိန်မှာ အင်တာမိုင်ယာမီအသင်းအတွက် ၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းကိုတွေ့ရစဉ်

အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့သလို ဒီဗိုလ်လုပွဲဟာ အသင်း သမိုင်းတစ်လျှောက် ပထမဆုံးဗိုလ်လုပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 

ဒါ့အပြင် အင်တာမိုင်ယာမီအသင်းဟာ ဖီလာဒဲလ်ဖီးယားအသင်းကို အနိုင်ရခဲ့တဲ့အတွက် လာမယ့်နှစ်မှာ ကျင်းပ မယ့် ကွန်ကာကပ်ဖ် ချန်ပီယံလိဂ် ပြိုင်ပွဲကိုလည်း ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါ တယ်။ 
ဖီလာဒဲလ်ဖီးယား အသင်းနည်းပြ ဂျင်မ်ကာတိန်းက အင်တာမိုင်ယာမီအသင်းဟာ ဒီထက်ပိုပြီး ကောင်းလာဖို့ပဲ ရှိတော့တယ်လို့ မှတ်ချက်ပြုခဲ့တာပါ။

ဂျင်မ်ကာတိန်းက “သူတို့က ပိုပြီးကောင်းလာမှာပါ။ အသင်းပိုင်ရှင်တွေရဲ့ သုံးစွဲမှုတွေကလည်း ရူးသွပ်စရာပါပဲ။ သူတို့ဟာ လိဂ်ပြိုင်ပွဲမှာ အကောင်းဆုံး အသင်းဖြစ်အောင် လုပ်မှာဖြစ်ပြီး သူတို့ကို ဘယ်လိုအရာကမှ ရပ်တန့်လို့ရ မှာ မဟုတ်ဘူးလို့ ထင်ကြောင်း”ပြောခဲ့ပါတယ်။

လိဂ်ဖလားဆီမီးဖိုင်နယ် နောက်ထပ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မွန်တာရေးနဲ့ နက်ရှ်ဗေးလ်တို့ပွဲမှာ နက်ရှ်ဗေးလ်အသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ 

အဲ့ဒါကြောင့် လိဂ်ဖလားဗိုလ်လုပွဲအဖြစ် အင်တာမိုင်ယာမီနဲ့ နက်ရှ်ဗေးလ်အသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို တော့ သြဂုတ် ၁၉ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Source: CNA/AP