CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၅

ဖီလာဒဲလ်ဖီးယားအသင်းနဲ့ ကစားမယ့် လိဂ်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မတိုင်ခင်မှာ အင်တာမိုင်ယာမီအသင်း ပရိသတ်တွေဟာ မက်ဆီရဲ့ ဒဏ်ရာအခြေအနေကို စိုးရိမ်နေကြပေမယ့် နည်းပြ မာတီနိုက အာဂျင်တီးနားအသင်း ခေါင်းဆောင်ရဲ့ အခြေအနေဟာ စိုးရိမ်စရာမရှိဘူးလို့ ပြောခဲ့ပါတယ်။

မာတီနိုက “ဖြစ်ပျက်ခဲ့တဲ့အရာ အတိအကျကိုတော့ ကျနော်မမြင်တွေ့ခဲ့ရပါဘူး။ ဒါပေမယ့် ဒါက ပြင်းထန်နေမယ် ဆိုရင်တော့ လူတိုင်းတုန်လှုပ်မိမှာ အသေအချာပါပဲ။ အခုအချိန်မှာ အားလုံးက အဆင်ပြေနေတဲ့အတွက် ဘာမှ မဖြစ်ဘူးလို့ ထင်ကြောင်း”ပြောခဲ့တာပါ။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ သြဂုတ် ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ဘယ်ဘက် ခြေကျင်းဝတ် နာကျင်နေတဲ့ပုံ ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ 

 မက်ဆီကို တွေ့ရစဉ်

မက်ဆီဟာ နာကျင်နေတဲ့အတွက် သူ့ရဲ့ ဘယ်ဘက် ခြေကျင်းဝတ်ကို ကိုင်ထားတာကို ရုပ်သံဖိုင်မှာ မြင်တွေ့ခဲ့ရ တာပါ။ ဒါပေမယ့် အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ မေဂျာလိဂ်ကလပ်ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ဆက်လက် ပါဝင်ပြီး လုပ်ဆောင်သွားခဲ့ပါတယ်။

နည်းပြ မာတီနိုကလည်း ဒါဟာ စိုးရိမ်စရာမရှိဘူးလို့ လိဂ်ဖလား ဆီမီးဖိုင်နယ်ကစားဖို့ မထွက်ခွာခင်မှာ ပြောခဲ့ပါ တယ်။ 

ဇူလိုင်ကမှ အင်တာမိုင်ယာမီအသင်းနဲ့ ပူးပေါင်းခဲ့တဲ့ မက်ဆီဟာ အသင်းအတွက် လိဂ်ဖလားပွဲစဉ် ၅ ပွဲ ကစားထား ခဲ့တာမှာ ၈ ဂိုးသွင်းပြီး အသင်းကို ၅ ပွဲစလုံး နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးထားတာပါ။ 

အင်တာမိုင်ယာမီ အသင်းဟာ လိဂ်ဖလားပြိုင်ပွဲအပြီးမှာ မေဂျာလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးနေတာကို ပြန်ကောင်း အောင် လုပ်ရဦးမှာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီ အသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ၁၁ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အသင်းဟာ အမှတ်ပေးဇယား နောက်ဆုံးနေရာမှာ ရပ်တည်နေတာပါ။ အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလားပြိုင်ပွဲပြီးရင် Open Cup ပွဲစဉ်အဖြစ် စင်စင်နတီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal