CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂

ခရီမိုနီဆီအသင်း တိုက်စစ်မှူး ဗာဒီဟာ နိုဝင်ဘာလအတွက် စီးရီးအေတစ်လတာ အကောင်းဆုံး ကစားသမား ဆုရခဲ့ပြီး သူဟာ ဒီဆုကို ရရှိတဲ့ ပထမဆုံး အင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ 

အသက် ၃၈ နှစ်အရွယ်ရှိ ဗာဒီဟာ ပြီးခဲ့တဲ့လက စီးရီးအေ ၃ ပွဲ ပါဝင်ကစားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းနဲ့ပွဲစဉ်မှာ ခရီမိုနီဆီအသင်းအတွက် ၁ ဂိုး သွင်းယူခဲ့ပါတယ်။

ပရိသတ်တွေရဲ့ မဲပေးမှုတွေနဲ့ စာရင်း အချက်အလက်တွေကို ပေါင်းစပ်ထားတဲ့ စီးရီးအေ တစ်လတာ အကောင်း ဆုံးဆုမှာ ဗာဒီဟာ အေစီမီလန်အသင်း ဂိုးသမား မိုက်ဂ်နန်၊ အင်တာမီလန်အသင်း တိုက်စစ်မှူး လောတရို မာတီနက်ဇ်၊ နာပိုလီအသင်း တောင်ပံကစားသမား နီရက်စ်၊ ဂျီနိုအာအသင်းက အိုစတီဂါဒ့်နဲ့ အူဒီးနီးစ်အသင်းက ဇာနီအိုလိုတို့ကို အသာရပြီး ရရှိခဲ့တာပါ။ 

စီးရီးအေ အမှုဆောင်ချုပ် ဒီဆီယာဗိုက “ဗာဒီဟာ တကယ့်ကို တခြားခေတ်က ကစားသမားတစ်ဦးပါ။ ခရီမိုနီဆီ အသင်းထံ သူရောက်ရှိလာခဲ့တာကို စီးရီးအေ ပရိသတ်တွေက စိတ်အားထက်သန်စွာ ကြိုဆိုခဲ့ကြပြီး ဗာဒီဟာ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်တွေ၊ မွေးရာပါ ခေါင်းဆောင်မှု၊ အရေးပါတဲ့ သွင်းဂိုးတွေနဲ့ ပြန်ပေးဆပ်နေပါ တယ်။ ဒါက သူ့ကို အမြဲတမ်း ထင်ရှားစေတဲ့ ပြိုင်ဆိုင်လိုမှုစိတ်နဲ့ ဂိုးသွင်းစွမ်းရည်တွေရဲ့ ရလဒ်”လို့ ပြောခဲ့ပါ တယ်။ 

 ဗာဒီကို တွေ့ရစဉ်

၁၃ နှစ်ကြာ ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် နွေရာသီမှာ ခရီမိုနီဆီအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဗာဒီဟာ အသင်းအတွက် ၁၀ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူထားပါတယ်။ 

စီးရီးအေပြိုင်ပွဲရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၂၀၁၉ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ဗာဒီမတိုင်မီက ဘယ်အင်္ဂလန်ကစားသမားကမှ ဒီဆုကို ရယူနိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

ခရီမိုနီဆီအသင်းဟာ စီးရီးအေနောက်ဆုံး ၂ ပွဲဆက်တိုက် နိုင်ပွဲရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေကာ ဥရောပဝင်ခွင့် နေရာက အသင်းနဲ့ ၄ မှတ်ကွာဟနေတာပါ။ 

ခရီမိုနီဆီအသင်းဟာ လာမယ့် စီးရီးအေပွဲစဉ်အဖြစ် တိုရီနိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: BBC