CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁

လီဗာပူးလ်အသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ တောင်ပံကစားသမား ဆာလက်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ် ကလပ်တွေ ပစ်မှတ်ထားနေတယ်လို့ လိဂ်အကြီးအကဲ အိုမာမူဂါဘယ်လ်က ပြောခဲ့ပါတယ်။ 

ဆော်ဒီမှာ ပြုလုပ်တဲ့ ကမ္ဘာ့ဘောလုံး ထိပ်သီး အစည်းအဝေးမှာ အိုမာမူဂါဘယ်လ်က “ဆာလက်ကို ဆော်ဒီလိဂ်က ကြိုဆိုပါတယ်။ ဒါပေမယ့် ကစားသမားတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ တာဝန်ရှိတာက ကလပ်အသင်း တွေပါ။ သေချာတာကတော့ ဆာလက်ဟာ သူတို့တွေထဲက တစ်သင်းသင်းရဲ့ ပစ်မှတ်ပါပဲ”လို့ ပြောခဲ့ပါတယ်။ 

ဆာလက်ဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အရန်ခုံပေါ်မှာ ထိုင်ခဲ့ရပြီးနောက် လီဗာပူးလ်အသင်းနဲ့ နည်းပြ အာနီဆလော့ တို့ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။ 

အဲ့ဒါကြောင့် ဆာလက်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ 

ဆာလက်ကို တွေ့ရစဉ်

ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ ဆာလက်ဟာ အင်တာမီလန်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးလ် အသင်း လူစာရင်းမှာ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။ 

လာမယ့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် ပါဝင် ကစားနိုင်မလားဆိုတာ သေချာမှု မရှိသေးတာပါ။ 

ဆာလက်ဟာ ဒီပွဲပြီးရင် အာဖရိကဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ အီဂျစ်အသင်းနဲ့ သွားရောက် ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။ 

ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေဟာ ဆာလက်ကို ခေါ်ယူနိုင်ဖို့ အရင်ကတည်းက ကြိုးပမ်းခဲ့တာမှာ အောင်မြင်မှု မရခဲ့ပေမယ့် လီဗာပူးလ်အသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ အခုအချိန်မှာတော့ သူ့ကို ခေါ်ယူဖို့ မျှော်လင့်ချက် အားကောင်းလာခဲ့တာပါ။ 

The Telegraph က အယ်လ်ဟီလယ်နဲ့ အယ်လ်အစ်တီဟတ်အသင်းတွေဟာ လာမယ့် အပြောင်းအရွှေ့မှာ ဆာလက်ကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး မကြာမီမှာ ကြိုးပမ်းသွားဖွယ်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ 

Source: Goal