CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃
မန်စီးတီးအသင်းက ဖူလ်ဟမ်အသင်းကို ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်တဲ့ အမြန်ဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ဟာလန်းဟာ ပရီးမီးယားလိဂ်ပွဲပေါင်း ၁၁၁ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၁၀၀ ပြည့်ခဲ့တာပါ။
အဲ့ဒါကြောင့် ဟာလန်းဟာ နယူးကာဆယ်အသင်း ဂန္ထဝင် အလန်ရှီးယား တင်ထားတဲ့ ကာလရှည်ကြာ စံချိန် တစ်ခုကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အလန်ရှီးယားဟာ ပရီးမီးယားလိဂ် ပွဲပေါင်း ၁၂၄ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၁၀၀ ပြည့်ခဲ့တာ ဖြစ်တဲ့အတွက် ဟာလန်းက စံချိန်သစ် တင်နိုင်ခဲ့တာပါ။
ဒီမှတ်တိုင်ဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ မန်စီးတီးအသင်းကို ရောက်လာပြီးနောက် ဟာလန်း ချိုးဖျက်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးစံချိန် ဖြစ်ခဲ့ပါတယ်။
ဟာလန်းက “ဂုဏ်ယူဖို့ကောင်းတဲ့ အခိုက်အတန့်ပါပဲ။ သွင်းဂိုး ၁၀၀ ပြည့်အောင် အမြန်ဆုံး လုပ်နိုင်ခဲ့တာက အံ့သြ စရာ ကောင်းခဲ့ပါတယ်။ ကျနော် ဂုဏ်ယူသလို ပျော်လည်း ပျော်ရွှင်ပါတယ်။ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး တစ်ဦးဟာ ဂိုးအများကြီး သွင်းယူသင့်တယ်ဆိုတာ ကျနော် အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးပါတယ်။ ဒါက ကျနော့် ရဲ့ အလုပ်ဖြစ်တဲ့အတွက် ဒါကိုကြိုးစားပြီး လုပ်နေပါတယ်”လို့ BBC Match of the Day ကိုပြောခဲ့ပါတယ်။

ဟာလန်းကို တွေ့ရစဉ်
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်တဲ့ တိုက်စစ်မှူး ဟာလန်းကို ဂုဏ်ပြုခဲ့ပြီး ကလပ်အသင်းအတွက် ဂိုးတွေဆက်သွင်းဖို့ သူဆာလောင်နေမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ ပါတယ်။
ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၁၉ ပွဲ ကစားထားပြီး သွင်းဂိုး ၂၀ သွင်းယူထားတာပါ။
ဒီပွဲမှာ မန်စီးတီးအသင်းဟာ ဖူလ်ဟမ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် ဖူလ်ဟမ်အသင်းရဲ့ ချေပဂိုးတွေကြောင့် အနိုင် ၃ မှတ်ကို ခက်ခက်ခဲခဲ ရယူခဲ့ရပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဒါက ပရီးမီးယားလိဂ် ဖြစ်တဲ့အတွက် ထိန်းချုပ်လို့ မရတာကြောင့် သူ့မှာ အဖြေမရှိဘူးလို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဆန်းဒါးလန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
