CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁
ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်း ကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး အစ်ဆက်က သူ့ရဲ့အကောင်းဆုံးပုံစံ ပြန်ရ အောင် ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။
အစ်ဆက်က “အကောင်းဆုံး ခံစားချက်ကတော့ ကျနော်တို့ နိုင်ပွဲရခဲ့တာဖြစ်ပြီး ဒါက အသင်းမှာ ကောင်းမွန်တဲ့ စိတ်ဓါတ်ကိုရမယ့် အကောင်းဆုံး နည်းလမ်းပါပဲ။ ကျနော်က တိုက်စစ်မှူး ဖြစ်တာကြောင့် သွင်းဂိုးတွေ သွင်းယူ တာက အမြဲတမ်း အကူအညီ ဖြစ်စေပါတယ်။ ကျနော့်ရဲ့ အကောင်းဆုံးပုံစံကို ပြန်ရဖို့ကြိုးစားနေပြီး သွင်းဂိုးသွင်း ယူနိုင်လို့ ပျော်ရွှင်ပါတယ်။ တစ်ပွဲနိုင်ရုံနဲ့ ကျနော်တို့ ပြန်လာပြီလို့ မဆိုလိုပါဘူး။ ကျနော်တို့ အာရုံစိုက်ပြီး ဒီအရှိန် ကို ဆက်ထိန်းဖို့ ကြိုးစားရမှာပါ”လို့ ပြောခဲ့ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ၁၂ ပွဲမှာ ၉ ပွဲအထိ အရေးနိမ့်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် သူတို့ရဲ့ ရလဒ်ဆိုး နေမှုကို ရပ်တန့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင် ၁၂၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အစ်ဆက်ဟာ ဆောက်သမ်တန်အသင်းနဲ့ ကာရာဘောင်း ဖလား ပွဲစဉ်မှာ သွင်းဂိုး သွင်းယူပြီးကတည်းက လီဗာပူးလ်အသင်းအတွက် သွင်းဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိတာပါ။

အစ်ဆက်ကို တွေ့ရစဉ်
အစ်ဆက်ဟာ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ဝေဖန်မှုတွေလည်း ခံနေရ ပါတယ်။
ဒါပေမယ့် အစ်ဆက်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ ဂိုးသွင်းပြီး ဝေဖန်မှုတွေကို အနည်းငယ် လျှော့ချနိုင်ခဲ့ကာ သူရဲ့ အကောင်းဆုံး ပြန်ရဖို့ ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဆာလက်ကို ပွဲထွက် လူစာရင်းကနေ ချန်လှပ်ပြီး လူစားဝင်အဖြစ်တောင် အသုံးပြု ခဲ့ခြင်း မရှိတာပါ။
လီဗာပူးလ်အသင်း နည်းပြ အာနီဆလော့က နိုင်ပွဲရခဲ့တဲ့အတွက် စိတ်သက်သာရာရစေခဲ့ပြီး အဝေးကွင်းကို လိုက်ပါပြီး သူတို့ကို အားပေးခဲ့တဲ့ အသင်းပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဆန်းဒါးလန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
