CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁
၂၀၂၆ ခုနှစ်အစမှာ အသင်းလက်မဲ့ဖြစ်လာမယ့် ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ အသင်းဟောင်း ရီးရယ်လ်အသင်းထံ ပြန်လာဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ ရာမို့စ်ဟာ မွန်တာရေးအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီနှစ်ကုန်ရင် အနားယူမှာ မဟုတ် သေးဘဲ ကစားသမားဘဝကို ဆက်ပြီးဖြတ်သန်းဖို့ ဆုံးဖြတ်ထားတာပါ။
ရာမို့စ်ဟာ သူ့ရဲ့ ကစားသမားဘဝကို ဥရောပမှာ အဆုံးသတ်ချင်နေတာကြောင့် ရီးရယ်လ်အသင်းထံ ပြန်လာဖို့ စိတ်ဝင်စားနေတယ်လို့ Defensa Central က ဖော်ပြထားပါတယ်။
ရာမို့စ်ဟာ ရီးရယ်လ်အသင်းထံ ပြန်လာချင်တဲ့ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် လုပ်ခလစာ လျှော့ယူရမှာကိုလည်း လက်ခံဖို့ ပြင်ဆင်ထားတာပါ။
ဒါပေမယ့် လာမယ့် ၄ လအတွင်းမှာ အသက် ၄၀ နှစ်ပြည့်မယ့် ရာမို့စ်ကို ရီးရယ်လ်အသင်းက ခေါ်ယူဖို့ စိတ်ဝင် စားဖွယ် ရှိ/မရှိတော့ မသိရသေးပါဘူး။
ရာမို့စ်ဟာ ရီးရယ်လ်အသင်းမှာ ၂၀၀၅ ကနေ ၂၀၂၁ ခုနှစ်အထိ ကစားခဲ့ပြီး ၆၇၁ ပွဲကစားခဲ့တာမှာ ၁၀၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှုအကြိမ် ၄၀ ပြုလုပ်နိုင်ခဲ့ပါတယ်။

ရာမို့စ်ကို တွေ့ရစဉ်
ရာမို့စ်ဟာ ရီးရယ်လ်အသင်းနဲ့အတူ လာလီဂါဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် အဓိကဆု ဖလား ၂၂ ခု ရယူနိုင်ခဲ့တာပါ။
ရာမို့စ်ဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးနောက် PSG အသင်းမှာ ၂ ရာသီကြာ၊ ငယ်ဘဝကလပ် ဆီဗီလာ အသင်းမှာ ၁ ရာသီကြာ ကစားခဲ့ပြီး အခုကစားနေတဲ့ မွန်တာရေးအသင်းနဲ့ သူ့ရဲ့အချိန်ကလည်း အဆုံးသတ်တော့ မှာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းရဲ့ ဗဟိုနောက်ခံလူတွေဖြစ်တဲ့ ရူဒီဂါနဲ့ အလာဘာတို့ဟာ ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာ ဖွယ် ရှိနေလို့ စပိန်ကလပ်ဟာ ဈေးကွက်ထဲမှာ ဗဟိုနောက်ခံလူ တစ်ဦးကို ရှာဖွေနေတာပါ။
ရာမို့စ်ဟာ ရီးရယ်လ်အသင်း ခေါ်ယူမယ့် ဗဟိုခံစစ် ကစားသမား စာရင်းထဲမှာ ပါဝင်ဖွယ် မရှိပေမယ့် အဓိက နောက်ခံလူတွေ ဒဏ်ရာပြဿနာတွေ ကြုံတွေ့ခဲ့ရင် ဇန်နဝါရီမှာ ကာလတို စာချုပ်နဲ့ခေါ်ယူဖို့ ရွေးချယ်စရာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
Source: sportsmole
