၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉
ဘတ်ပီကတော့ အခု ရာသီကုန်တဲ့အထိ ပီအက်စ်ဂျီအသင်းမှာပဲ ဆက်ရှိသွားမယ်လို့ အတည်ပြုလိုက်ပြီး ကလပ် အသင်းနဲ့ ချန်ပီယံလိဂ်ဖလားရယူဖို့ မျှော်လင့်ထားတဲ့အကြောင်းကိုလည်း ပြောလိုက်ပါတယ်။
ဘတ်ပီဟာ ပြီးခဲ့တဲ့ နွေရာသီက ရီးရယ်လ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် စပိန်ကလပ်ဟာ သူ့ကို ရောင်းချ နိုင်ဖို့ ပီအက်စ်ဂျီအသင်းကို မဆွဲဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် ရီးရယ်လ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်း အရွှေ့မှာ ဘတ်ပီကို ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်။ ဘတ်ပီနဲ့ ပြင်သစ်ကလပ်တို့ ချုပ်ဆို ထားတဲ့စာချုပ်ဟာ အခု ရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။
ဘတ်ပီကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ဇန်နဝါရီမှာ ကစားသမားနဲ့ တရားဝင်ဆွေးနွေးမှုတွေ ပြုလုပ်လို့ရမှာ ဖြစ်ပြီး အကြိုစာချုပ်ပါချုပ်ဆိုလို့ရတာဖြစ်ပါတယ်။ ဘတ်ပီ ကိုယ်တိုင်ကလည်း ရီးရယ်လ်အသင်းကို ပြောင်းချင် တယ်လို့ အရင်တုန်းက ပြောထားခဲ့ပေမယ့် ဇန်နဝါရီမှာတော့ အသင်းက ထွက်ခွာမှာမဟုတ်ဘဲ စာချုပ်ကုန်ဆုံးတဲ့ အသင်းမှာဆက်ရှိမယ်လို့ ကတိပေးခဲ့တာပါ။
ဘတ်ပီ က “ချန်ပီယံလိဂ်၊ လိဂ်နဲ့ဖလားတွေ ရဖို့အတွက် ကျနော့်မှာရှိတဲ့ အရာအားလုံးကို ပေးသွားမှာပါ။ ပရိသတ် တွေကိုလည်း ပျော်ရွှင်မှုတွေပေးသွားမှာဖြစ်ပြီး ဒါဟာ သူတို့နဲ့ ထိုက်တန်ပါတယ်။ ကျနော်ဟာ ရိုးရိုးသားသားပဲ ထွက်သွားချင်တယ်လို့ ပြောခဲ့ပါတယ်။ ကျနော်ဟာ ခံစားချက်တွေကို ပေးတယ်၊ နှလုံးသားမှာရှိတဲ့
အရာတွေကို လည်းပေးတယ်။ ဒီမှာ နေရတာလည်းပျော်တယ်။ ဒါက ကျနော့်ရဲ့မြို့ပါ”လို့ ပြောခဲ့တာပါ။
ဒါ့အပြင် ဘတ်ပီ က “ကျနော်က ပြင်သစ်သားပါ။ ဒီ ရာသီမှာ အရာအားလုံးကို အနိုင်ရယူချင်ပါတယ်။ ပဲရစ်က ကျနော့်ရဲ့ မြို့ပါ။ ကျနော်မွေးဖွားခဲ့တဲ့ နေရာပါ။ကျနော်ကြီးပြင်းခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ ပီအက်စ်ဂျီအတွက် ကစားရတာ အလွန်ပျော်ရွှင်ပြီး လာမယ့်(၆)လခွဲအတွင်း အသင်းမှာ (၁၀၀)ရာနှုန်းပြည့် ပေးဆပ်သွားမှာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘတ်ပီက သူဟာ စပါး အသင်းကို ဘယ်တော့မှ ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ လည်း ပြောခဲ့ပါသေးတယ်။ စပိုက်ဒါမန်း မင်းသား တွမ်ဟော်လန် က ဘတ်ပီကို စပါးအသင်းထံ ပြောင်းဖို့ ဘောလွန်းဒီအောအခမ်းအနားမှာ နှစ်ဦးသားတွေ့ဆုံရာမှာ ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဘတ်ပီ က ငြင်းပယ်ခဲ့တာပါ။
ဘတ်ပီ က “ကျနော့်ရဲ့ ဘဝမှာ စပါးအသင်းအတွက် ကစားမယ်လို့ မတွေးထားပါဘူး။ တွမ်ဟော်လန် က ဒါနဲ့ ပတ်သက်ပြီး မေးခဲ့ပေမယ့် ကျနော်ကတော့ နိုးလို့ပဲ ဖြေခဲ့တာပါ။ စပါးအသင်းဟာ အလွန်ကောင်းမွန်တဲ့အသင်း ပါ။ နည်းပြကွန်တီကလည်း စပါးအသင်းကို ဒီ ရာသီမှာ အောင်မြင်အောင်တခုခုလုပ်ပေးနိုင်မယ်ဆိုတာ သေချာ တယ်” လို့ ဖြေခဲ့ပါတယ်။
၂၀၁၇-၂၀၁၈ ရာသီက မိုနာကို အသင်းကနေ ရောက်ရှိလာတဲ့ ဘတ်ပီဟာ ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ပွဲစုံ (၁၅၁) ပွဲကစားထားပြီး (၁၂၆) ဂိုးသွင်းယူထားတာပါ။ ပြင်သစ်တိုက်စစ်မှူးဟာ ဒီ ရာသီမှာ ပီအက်စ်ဂျီ အသင်း အတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး (၂၄) ပွဲကစားရာမှာ (၁၅) ဂိုး သွင်းယူထားတာဖြစ်ပါတယ်။
Source: Goal