CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈
လီဗာပူးလ် အသင်းနည်းပြ ကလော့ပ်က မန်စီးတီးကိုကျော်ပြီး ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ ခက်ခဲတယ်လို့ ဝန်ခံလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတာဖြစ်ပြီး လီဗာပူးလ်အသင်းက ဒုတိယနေရာကနေ ဖိအားပေးနေတာပါ။ မန်စီးတီး အသင်းဟာ မကြာသေးခင်က ရက်သတ္တပတ်တွေမှာ ခြေစွမ်းတောက်ပခဲ့ပြီး ၉ ပွဲဆက် အနိုင် ရကာ ဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ကလောပ့်ကတော့ မန်စီးတီးအသင်းရဲ့ အထက်မှာ ရပ်တည်ပြီး ရာသီသိမ်းနိုင်ဖို့ ယုံကြည်နေတုန်းလို့ ပြောခဲ့ပါ တယ်။ လီဗာပူးလ် အသင်းနည်းပြက ဒါဟာ ခက်ခဲတဲ့ အလုပ်ဖြစ်မယ်ဆိုတာကိုလည်း ဝန်ခံခဲ့တာပါ။
ကလော့ပ် က “ဆုဖလားရဖို့ ဖြစ်နိုင်မယ်တော့ ထင်တယ်။ ဒါပေမယ့် ဒါကို စဉ်းစားရပါမယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ဟာ ဒီမှာရှိနေလို့ပါ။ ဒါပေမယ့်လည်း ဒါက လုံးဝ ခက်ခဲပါတယ်။ ကစားသမားတွေရဲ့ လိုက်လျောညီထွေမှုက မယုံနိုင်လောက် အောင် ကောင်းခဲ့ပါတယ်။ ဒါကပဲ ခင်ဗျားတို့ရဲ့ တစ်ခုတည်းသော အခွင့်ရေးပါပဲ။ မန်စီးတီး အသင်းရဲ့ ရှေ့မှာရှိနေဖို့က တကယ်ကို ခက်ခဲပါတယ်။ ကျနော်တို့ဟာ အရမ်းကြီး ဝေးကွာနေသေးတာတော့ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
ပုံ-လီဗာပူးလ်အသင်းကိုတွေ့ရစဉ်။(The Independent)
ဒါ့အပြင် ကလော့ပ်က “ကျနော်တို့မှာ အခွင့်အရေး လုံးဝမရှိတော့ သလိုမျိုးတော့ မဟုတ်ပေမယ့် မန်စီးတီးက အမှတ်တွေ အများကြီး မလျော့နိုင်ဘူးဆိုတာတော့ ခင်ဗျားတို့ သိပါတယ်။ ဒါကြောင့်လည်း ခင်ဗျားတို့ကိုယ်တိုင် အမှတ်တွေ အများကြီး မလျော့တာက ပိုကောင်းပါတယ်။ ကျနော်တို့ အနေနဲ့ ပိုပြီး ညီညွှတ်ဖို့တော့ လိုအပ်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်တဲ့ မန်စီးတီး အသင်းဟာ ရာသီအစပိုင်းက ရလဒ်တွေ မကောင်းခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် ၁၉ ပွဲ ကစားပြီးချိန်မှာ မန်စီးတီးအသင်းက ရမှတ် ၄၇ မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပြီး လီဗာပူးလ်အသင်းက တစ်ပွဲလျော့ ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အဆင့် ၃ နေရာ က ချယ်လ်ဆီး အသင်းကလည်း လီဗာပူးလ်ထက် ၁ ပွဲပို ကစားထားပြီး ရမှတ် ၄၁ မှတ် ရရှိထားတာ ဖြစ်ပါတယ်။
Source: Sport