CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈

မက်ဂရီဂေါ ထိုးသတ်မယ့် နောက်ပွဲစဉ်က UFC လိုက်ဝိတ်ချန်ပီယံ ချာလတ်စ်အိုလီဗီရာနဲ့ ဖြစ်နိုင်တယ်လို့ သူ့ရဲ့လေ့ကျင့်ဖော် ပီတာကွီလီက ပြောလိုက်ပါတယ်။

အိုင်ယာလန် တိုက်ခိုက်ရေးသမားဟာ ပိုရီရာကို အရေးနိမ့်တဲ့ပွဲမှာ ခြေထောက်ကျိုး သွားခဲ့ပြီးနောက် ပြန်လည် ကောင်းမွန် လာပြီ ဖြစ်ပါတယ်။ မက်ဂရီဂေါ နောက်ထပ် ထိုးသတ်မယ့်ပွဲစဉ်ကို အတိအကျ မသိရသေးပေမယ့် သူဟာ အိုလီဗီရာနဲ့ ထိုးသတ်ချင်နေတာ ဖြစ်ပါတယ်။

ဘရာဇီးလ် တိုက်ခိုက်ရေးသမားဟာ ပိုရီရာကို အနိုင်ရပြီး သူ့ရဲ့ခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့တာပါ။

သူတို့ ၂ ဦးဟာ ထိုးသတ်ချင်နေတယ်လို့ လှုမှုကွန်ယက်တွေပေါ်မှာ အပြန်အလှန် ပြောဆိုထားကြတာတွေလည်း ရှိခဲ့ပါတယ်။

ပီတာကွီလီက “ပုံမှန်အားဖြင့် ဒီကစားနည်းမှာ တူညီတဲ့ အရာကို လိုချင်တဲ့ တိုက်ခိုက်ရေး ကစားသမား ၂ ဦး ရှိတဲ့အခါမှာ ဒါက ဖြစ်တတ်ပါတယ်။ ဒါကြောင့် ချာလတ်စ်က မက်ဂရီဂေါနဲ့ ထိုးသတ်ချင်နေသလို၊ မက်ဂရီဂေါကလည်း ချာလတ်စ်နဲ့ ထိုးသတ်ဖို့ကို အလိုရှိနေပါတယ်။ ဒီလိုလုပ်ဖို့အတွက် ပိုက်ဆံရှိတယ်ဆိုရင်တော့ ဒါက ပုံမှန်လိုပါပဲ”လို့ The Mirror ကို ပြော ခဲ့တာပါ။

ပုံ- မက်ဂရီဂေါကိုတွေ့ရစဉ်။(The Sun)

အသက်(၃၂)နှစ်အရွယ်ရှိ အိုလီဗီယာဟာ ခါဘစ်ရဲ့ လစ်လပ်နေတဲ့ လိုက်ဝိတ်ချန်ပီယံဆုအတွက် မိုက်ကယ်ချန်ဒလာနဲ့ မေလ က ထိုးသတ်ခဲ့ပြီး အနိုင်ရခဲ့တာကြောင့် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အိုလီဗီယာဟာ ဒီလထဲမှာ မက်ဂရီဂေါကို အနိုင်ရခဲ့တဲ့ ပိုရီရာနဲ့ ထိုးသတ်ခဲ့ပြီး ဒီချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်း နိုင်ခဲ့တာ ပါ။ မက်ဂရီဂေါဟာ ထိတ်လန့်စရာ ခြေထောက်ကျိုးတဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးနောက် လာမယ့်နှစ်မှာ ပြန် လည် ကစားနိုင်ဖို့ လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

အိုင်ယာလန် တိုက်ခိုက်ရေးသမားဟာ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ (၄)ပွဲမှာ (၃)ပွဲ ရှုံးနိမ့်ထားခဲ့တာပါ။ ဒါပေမယ့် အိုလီဗီယာ ကတော့ (၁၀)ပွဲဆက် တိုက်နိုင်ပွဲ ရထားတာ ဖြစ်ပါတယ်။

ပီတာကွီလီက “သေချာတာ ကတော့ မက်ဂရီဂေါဟာ ချာလတ်စ်ကို အနိုင်ယူ နိုင်ပါတယ်။ ဒါပေမယ့် မက်ဂရီဂေါ ဘာလုပ် နိုင်လဲဆိုတာ ခင်ဗျား သိပါတယ်။ ချာလတ်စ်ကတော့ သူ့ကိုယ်သူ ထက်မြတ်တဲ့ တိုက်ခိုက်ရေး သမားတစ်ဉီးအဖြစ် ပြသခဲ့ ပေမယ့် သူက အတိုက် ခံရတဲ့သူပါ။ ခင်ဗျားအနေနဲ့ မက်ဂရီဂေါနဲ့ ထိုးသတ်မယ့် တိုက်ခိုက်ရေး သမားဆိုရင်တော့ ဒါဟာ သတင်းဆိုးပါပဲ။ ဒါကြောင့် ဒီပွဲမှာ သူအနိုင်ရမယ်ဆိုတာကို ကျနော်မြင်နေရပါတယ်။ ခြေထောက်သာ မကျိုးခဲ့ဘူးဆိုရင် သူဟာအဲ့ဒီပွဲကနေ ပြန်လာနိုင်မှာပါ။ ဒါပေမယ့် ဒါတွေက ခင်ဗျား ကိုင်တွယ်ရမယ့် အရာတွေပါပဲ”လို့ ပြောသွားခဲ့တာ ဖြစ်ပါ တယ်။

Source: The Sun