၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈

ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွက် Globe Soccer Awards ဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစား သမားဆုကို ပြင်သစ်လက်ရွေးစင်နဲ့ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီက ရရှိသွားခဲ့ပါတယ်။

ဘတ်ပီဟာ ဒီဆုကို ရော်နယ်ဒို၊ မက်ဆီနဲ့ လီဝန်ဒေါစကီးတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာပါ။ ဘတ်ပီကတော့ ဒီဆုကို ရယူနိုင်ခဲ့လို့ ကျေးဇူးတင်ပေမယ့် သူ့ရဲ့ ကစားသမားဘဝမှာ ရှေ့ဆက်မယ့် အရာတွေအတွက် အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။

ဘတ်ပီက “ကျနော်ဟာ ပိုပြီး အနိုင်ရချင်ပါတယ်။ ဘောလုံးလောကကို ကြည့်လိုက်မယ်ဆိုရင် နာမည်ကြီးပြီး ထူးချွန်တဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ခင်ဗျားအနေနဲ့ အိပ်ပျော်သွားမယ်ဆိုရင် တစ်စုံတစ်ယောက်က ခင်ဗျားဆီကနေ ဒါကို ယူဆောင်သွားနိုင်ပါတယ်။ ကျနော်ဟာ ကြီးကျယ်ခမ်းနားတဲ့ ကလပ်နဲ့ နိုင်ငံအသင်းမှာ ကစားနေရလို့ ကံကောင်းတဲ့သူ တစ် ယောက်ပါ။ ဒါပေမယ့် ကျနော်ဟာ နောက်ပြန်လှည့်မကြည့်ပါဘူး။ အနိုင်ရခဲ့တာတွေကို တွေးမနေပါဘူး။ ကျနော့်ရဲ့ ပန်းတိုင် က ဆက်ပြီး အနိုင်ယူနေဖို့ပါပဲ။ ကျနော်ဟာ ဘောလုံးသမိုင်းကို ဖန်တီးချင်ပါတယ်။ နာမည်ကြီး ဂန္တဝင်တွေနဲ့အတူ ဒူဘိုင်းမှာ ရှိနေရလို့ အလွန်ပျော်ရွှင်ပါတယ်”လို့ ဆုပေးပွဲ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

ပုံ-ရော်နယ်ဒင်ဟိုကိုတွေ့ရစဉ်။(Globe Soccer Awards)

ပရိသတ်တွေကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ မာရာဒိုနာဆုကိုတော့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ရရှိသွားခဲ့ပါတယ်။ အချိန်တိုင်းရဲ့ ထိပ် တန်း ဂိုးသွင်းရှင်ဆုကို ရော်နယ်ဒိုက ရရှိခဲ့ပြီး၊ တစ်နှစ်တာ အကောင်းဆုံး လက်ရွေးစင် အသင်းဆုကို ယူရိုချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအသင်းက ရရှိခဲ့ပါတယ်။

တစ်နှစ်တာ အကောင်းဆုံး အေးဂျင့်ဆုကို ပတ်စတိုရယ်လ်လို၊ တစ်နှစ်တာ အကောင်းဆုံး အားကစား ဒါရိုက်တာဆုကို မန်စီးတီးအသင်းက ဘီဂရီစတိန်းက ရရှိခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံး အမျိုးသားအသင်းဆုကို ချယ်လ်ဆီး၊ အကောင်းဆုံး နောက်ခံလူဆုကို အီတလီနဲ့ ဂျုဗင်တပ်စ် နောက်ခံဘူ ဘိုနူချီ၊ အကောင်းဆုံး ဂိုးသမားဆုကို အီတလီနဲ့ ပီအက်စ်ဂျီ အသင်းဂိုးသမား ဒွန်နာရမ်မာ၊ အကောင်းဆုံး အမျိုးသမီး အသင်းဆုကို ဘာစီလိုနာ အသင်းက ရရှိခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသမီး အကောင်းဆုံး ကစားသမားဆုကို ဘာစီလိုနာအသင်းက ပူတယ်လ်လက်စ် ၊ဆန်းသစ်တီထွင်မှုဆုကို စီးရီးအေ၊ တစ်နှစ်တာ အကောင်းဆုံး eSports ဆုကို အန်အက်စ်ဒိုဆယ်လ်ရီဆဲဗင်း၊ အာဖရိကရဲ့ အကောင်းဆုံး လူငယ် အကယ်ဒမီဆုကို ZED FC နဲ့ ကစားသမားဘဝ အတွက်ဆုကို ရော်နယ်ဒင်ဟိုတို့က ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Marca.com