၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တဝင်နောက်ခံလူဖြစ်တဲ့ ဂယ်ရီနဗီးလ်က နယူးကာဆယ် အသင်းနဲ့ တဖက် (၁)ဂိုးစီ သရေကျတဲ့ပွဲမှာ စိတ်ပျက်ဖွယ်ကောင်းတဲ့ အပြုအမူတွေပြသခဲ့တဲ့ ရော်နယ်ဒိုနဲ့ ဘရူနိုဖာနန်ဒတ်စ်တို့ကို ဝေဖန်လိုက်ပါ တယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲမှာ စိတ်ပျက်စရာကောင်းတဲ့ ခြေစွမ်းပြသခဲ့ပြီးနောက် ရော်နယ်ဒိုဟာ အဝေး ကွင်းကို လိုက်ပါအားပေးခဲ့တဲ့ ပရိသတ်တွေကို အသင်းဖော်တွေနဲ့အတူ မနှုတ်ဆက်ဘဲ အဝတ်လဲခန်းထဲ တန်းဝင်သွားခဲ့တာ ပါ။ ဒီပွဲမှာ နယူးကာဆယ် အသင်းက စိန့်မက်ဆီမန်ရဲ့ သွင်းဂိုးနဲ့ ပထမပိုင်းမှာ ဦးဆောင်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ လူစားဝင် လာတဲ့ တိုက်စစ်မှူး ကာဗာနီက မန်ချက်စတာယူနိုက်တက်အတွက် ချေပဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဂယ်ရီနဗီးလ်က “ဒီလိုအခိုက်အတန့်မှာ ခင်ဗျားရဲ့ အသင်းဖော်တွေက ခင်ဗျားကို လိုအပ်နေတဲ့အတွက် ဒီမှာရှိနေဖို့ကို လိုပါ တယ်။ ရော်နယ်ဒိုဟာ အကောင်းဆုံး ကစားသမားဖြစ်ပေမယ့် ဒီလိုမျိုးကွင်းထဲက ထွက်သွားတဲ့ ပုံစံမျိုးတော့ ကျနော် သဘော မကျပါဘူး။ ခင်ဗျား ဘယ်လို ကစားခဲ့လဲဆိုတာ ကျနော် ဂရုမစိုက်ပါဘူး။ ပွဲပြီးဆုံးတဲ့ အချိန်မှာတော့ ပရိသတ်တွေကို လက်ခုပ် သွားတီးပြီး နှုတ်ဆက်ရပါမယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားဖြစ်နေလည်း သူတို့ဆီ ရောက်အောင် သွားရပါမယ်”လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ စိတ်ပျက်စရာကောင်းတဲ့ ရလဒ်ထွက်ပေါ်တိုင်း ကွင်းထဲကနေ အဝတ်လဲခန်းထဲကို ပြေးဝင်သွားခဲ့တာဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အဲဗာတန်နဲ့ (၁)ဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ ဒီလိုပဲ ပြုလုပ်ခဲ့သလို နည်းပြဟောင်း ဆိုးလ်ရှား နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ဝက်ဖိုဒ့် အသင်းကို (၄)ဂိုး-(၁)ဂိုးနဲ့ ရှုံးနိမ့်တဲ့ ပွဲအပြီးမှာလည်း ဒီလိုပဲ အလားတူ အပြအမူ လုပ်ခဲ့တာ ပဲ ဖြစ်ပါတယ်။

ပုံ- ဂယ်ရီနဗီးလ်ကိုတွေ့ရစဉ်။(Indonesia 0n 24News)

ဂယ်ရီနဗီးလ်က “ကျနော်တို့ဟာ အပြုအမူတွေနဲ့ ပတ်သက်ပြီး ပြောနေတာပါ။ ရော်နယ်ဒိုဟာ အဲဗာတန်နဲ့ ပွဲအပြီးမှာလည်း ဒီလိုပဲ ပြုလုပ်ခဲ့သလို အခုလည်း ကွင်းထဲကနေ ပြေးထွက်သွားခဲ့ပြန်ပါတယ်။ ဝက်ဖိုဒ့်ပွဲမှာရော နောဝစ်ချ်နဲ့ပွဲမှာပါ သူဒီလို လုပ်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

ဒါ့အပြင် ဂယ်ရီနဗီးလ်က “ဖာနန်ဒက်စ်ကို ကြည့်လိုက်ရင်လည်း အော်ဟစ်နေတာပါပဲ။ သူတို့(၂)ဦးက စီနီယာတွေပါ။ သူတို့ ဟာ အကောင်းဆုံး ကစားသမားတွေဖြစ်ပြီး သူတို့ကို ကြည့်နေတဲ့ သူတွေအတွက်ရော လူငယ်တွေအတွက်ပါ ဒါက စိတ်ပျက် ဖို့ ကောင်းပါတယ်။ ကာဗာနီကတော့ အားလုံးရှေ့မှာ ရပ်တည်ပေးပြီး ကွင်းထဲမှာရှိတဲ့ လူငယ်ကစား သမားတွေကို ကူညီပေး နေတယ်လို့ ကျနော်ထင်ပါတယ်။ သူဟာ ကွင်းထဲမှာ ရှိနေဖို့ လိုပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ယာယီနည်းပြ ရက်ဂ်နစ် လက်ထက် ၄ ပွဲ ကစားအပြီးမှာ သွင်းဂိုး(၄)ဂိုးသာ ရယူထား နိုင်ပြီး တိုက်စစ်ပိုင်းက အလုပ်မဖြစ်သေးတာကို မြင်တွေ့ခဲ့ရတာပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီပွဲ သရေကျခဲ့ တာကြောင့် အဆင့် ၄ နေရာက အာဆင်နယ် အသင်းနဲ့ ၇ မှတ်အကွာ အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Daily Mail