CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇

ရော်နယ်ဒိုရဲ့ မိခင်ကတော့ သူ့ရဲ့သားကို ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကို ပြန်သွားနိုင်အောင် ခရစ္စမတ် လက်ဆောင်နဲ့ ဆွဲဆောင်မှုပြုလုပ်ခဲ့တယ်လို့ The Sun က ဖော်ပြပါတယ်။

ရော်နယ်ဒိုရဲ့မိခင်ဖြစ်သူ ဒိုလိုရတ်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းဆိုင်ကနေ ဝယ်ယူခဲ့တဲ့ပစ္စည်းကို ခရစ္စမတ် သစ်ပင်မှာ ပေါ်လွင်အောင်ထားခဲ့တာပါ။ရော်နယ်ဒို မိခင်ရဲ့ ပြုလုပ်ပုံကို စပို့တင်းလစ္စဘွန်းအသင်း ပရိသတ်တွေက ချီးကျုးခဲ့ကြပါတယ်။ အသက်(၆၇)နှစ်အရွယ်ရှိ ဒိုလိုရတ်စ်ဟာ နှစ်သစ်ကူးနေ့မှာ ရော်နယ်ဒိုကို ငယ်ဘဝကလပ် စပို့တင်းလစ္စဘွန်းအသင်းထံ ပြန်ရောက်စေချင်တဲ့အချက်ကို ထုတ်ဖော်ပြသလိုက်ခြင်းပါ။

ဒိုလိုရတ်စ်ဟာ ရော်နယ်ဒိုကို စပို့တင်းလစ္စဘွန်းအသင်းမှာ ပြန်ကစားစေဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပထမတကြိမ် မကစားခင် စပို့တင်းလစ္စဘွန်းအသင်းမှာ ကစားခဲ့တာပါ။ ဒိုလိုရတ်စ် ဟာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ အမာခံပရိသတ်တဦးလည်း ဖြစ်တာကြောင့် သူမ မသေခင်မှာ ရော်နယ်ဒိုကို ပေါ်တူဂီကလပ်မှာ ကစားတာကို မြင်ချင်တယ်လို့ ပြောထားပါသေးတယ်။ ဒိုလိုရတ်စ် က “ကျမ သူ့ကို ပြောပြီးပါပြီ။ သားရေ အမေမသေခင် မင်း စပို့တင်းမှာ ကစားတာ ပြန်တွေ့ချင်တယ်”လို့ ပြောထားတာဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်းကို အတိုကောက်ရေးထားတဲ့ SCP စာတမ်းပါ အစိမ်းရောင်အိတ်ဟာ ရော်နယ်ဒိုတို့ မိသားစု လက်ခံရရှိတဲ့ လက်ဆောင်အများအပြားထဲက ထိပ်ဆုံးနေရာမှာ ရှိနေတာပါ။ ရော်နယ်ဒိုဟာ အနီရောင် ဝတ်စား ဆင်ယင်မှုနဲ့အတူ ပျော်ရွှင်ဖွယ် ခရစ္စမတ်လို့ ဆန္ဒပြုထားတဲ့ စာသားကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ရာမှာ အဆိုပါ ခရစ္စမတ်သစ်ပင်လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒိုလိုရတ်စ်ဟာ စက်တင်ဘာလက သူ့ရဲ့ သားကို စပို့တင်း လစ္စဘွန်းအသင်းထံ ပြန်လာာကစားဖို့ တောင်းဆိုခဲ့တယ်လို့ ဝန်ခံထားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသက်(၁၈)  နှစ်အရွယ် (၂၀၀၃)က မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူက သူ့ရဲ့ဆန္ဒကို သူ့ရဲ့သားက အဆုံးမသတ်နိုင်ဘူးဆိုရင် မြေးဖြစ်သူ ခရစ္စတီယာနို ဂျုနီယာက ဒါကိုဖြစ်မြောက်အောင်လုပ်ပေးလိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ဂျုနီယာဟာ ရော်နယ်ဒို (၁၁)နှစ် အရွယ်ကထက် ပိုမိုကောင်းမွန်တယ်လို့လည်း ပြောခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာ (၂၈) ရက် မနက်ပိုင်းမှာ နယူးကာဆယ်၊ ကြာသပတေးနေ့မှာ ဘန်လေအသင်း တို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: The Sun