CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀
ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြ ဂလက်စ်နာက ဒီနွေရာသီမှာ အဓိက ကစားသမား အီဇီ မထွက်ခွာဖို့ မျှော်လင့် ထားသလို အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှု နည်းပါတဲ့အပေါ် စိတ်ပျက်ကြောင်း ပြောခဲ့ပါတယ်။
ဂလက်စ်နာက “ကစားသမားတွေ အားလုံးရှိနေပေမယ့် ကျနော်တို့ဟာ အခုအချိန်ထိ အပြောင်းအရွှေ့ကို အကောင်းဆုံး လုပ်နိုင်ခြင်း မရှိသေးပါဘူး။ ကျနော်တို့ဟာ ဈေးကွက်မှာ ပိုလှုပ်ရှားပြီး ကစားသမားသစ်တွေ ခေါ်ယူပေးမယ်လို့ ကျနော့်ကို ကတိပေးထားပါတယ်။ ကျနော်ကတော့ အသင်းမှာရှိနေတဲ့ ကစားသမားတွေ ထပ်မံ ဆုံးရှုံးဖို့ မျှော်လင့်ထားသလို ကစားသမားသစ်တွေ အမြန်ဆုံး ရောက်လာဖို့လည်း မျှော်လင့်တယ်”လို့ ပြောခဲ့ တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့အတွက် ရာသီသစ်မှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီနွေရာသီ အပြောင်းအရွှေ့ဟာ အသင်းအတွက် အလွန်အရေးပါတဲ့ အပြောင်းအရွှေ့ ဖြစ်ပါတယ်။
ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂိုးသမား တစ်ဦးဖြစ်တဲ့ ဘင်နီတက်ဇ်ကို အလွတ်နဲ့ခေါ်ယူထားပြီး ဘယ်နောက်ခံလူ ဆိုဆာကို ပေါင် ၃ သန်းနဲ့ ခေါ်ယူထားတာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ကစားသမားသစ် အားဖြည့်မှု နည်းပါးနေသလို အပြောင်းအရွှေ့ မပိတ်မီမှာ အဓိက ကစားသမားတွေ ဆုံးရှုံးမယ့် အခြေအနေကို နည်းပြဂလက်စ်နာက စိုးရိမ်နေတာဖြစ်ပါတယ်။
အီဇီကို တွေ့ရစဉ်
ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ အီဇီနဲ့ ဂူဟီတို့ဟာ ပရီးမီးယားလိဂ် အသင်းကြီး တွေရဲ့ ပစ်မှတ်အဖြစ် ရှိနေတာပါ။
အီဇီကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ သူ့ရဲ့စာချုပ်ထဲမှာ ပါဝင်တဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၈ သန်းကို အပြည့်အဝ မပေးနိုင်တာကြောင့် အပြောင်းအရွှေ့ မဖြစ်သေးတာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ်အသင်းဟာ အီဇီကို ခေါ်ယူနိုင်ဖို့ထပ်ပြီး ကြိုးပမ်းဖို့ရှိနေတာပါ။
ဗဟိုနောက်ခံလူနဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဂူဟီရဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီး သူ့ကိုခေါ်ယူဖို့ လီဗာပူးလ်နဲ့ စပါးအသင်းတို့က စောင့်ကြည့်နေပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်း အကြီးအကဲတွေဟာ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေကို စောစီးစွာပြီး မြောက်စေ မယ်လို့ နည်းပြဖြစ်သူ ဂလက်စ်နာကို ကတိပေးခဲ့ပေမယ့် အခုအချိန်ထိ လုပ်ဆောင်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။
Source: metro