CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) အမှုဆောင်တွေဟာ သောကြာနေ့မှာ တွေ့ဆုံပြီး ခရစ္စတယ်ပဲလေ့စ်အသင်းကို လာမယ့်ရာသီ ယူရိုပါလိဂ် ယှဉ်ပြိုင်ခွင့်ပြုဖွယ် ရှိ/မရှိ ဆုံးဖြတ်ချက် ချသွားမှာဖြစ်ပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိပြီးနောက် အသင်းရဲ့သမိုင်း မှာ ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိထားတာပါ။

ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းအနေနဲ့ ပိုင်ရှင်တစ်ဦးတည်းက ကလပ်အသင်း အများအပြားကို ပိုင်ဆိုင်တဲ့ စည်းမျဉ်းချိုးဖောက်ဖွယ် ရှိ/မရှိကို UEFA က ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ရှယ်ယာ ၄၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ ဂျွန်တက်စ်တာဟာ လိုင်ယွန်အသင်းကို ပိုင်ဆိုင်ထားတာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ သူတို့ရဲ့ ဥရောပဝင်ခွင့်ကို ဆုံးရှုံးမယ့် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းကို တွေ့ရစဉ် 

 ဒါပေမယ့် ဂျွန်တက်စ်တာဟာ သူ့ရဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း ရှယ်ယာတွေကို New York Jets ပိုင်ရှင် ဝူဒီဂျွန်ဆင်ထံ ပေါင်သန်း ၁၉၀ ဝန်းကျင်နဲ့ ရောင်းချထားတာ ဖြစ်ပါတယ်။

ဂျွန်တက်စ်တာပိုင်ဆိုင်တဲ့ လိုင်ယွန်အသင်းဟာ ယူရိုပါလိဂ် ဝင်ခွင့်ရရှိထားပေမယ့် ဘဏ္ဍာရေး အခြေအနေကြောင့် ပြင်သစ် ဒုတိယတန်းကို တန်းဆင်းတဲ့ ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရတာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ ဂျွန်တက်စ်တာဟာ ရှယ်ယာပိုင်ဆိုင်ထားပေမယ့် အသင်းကို ထိန်းချုပ်ထားခြင်း မရှိဘူးလို့ ပြောထားပါတယ်။ 

အဲဒါကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိနိုင်မယ်လို့ ယုံကြည်မှု ရှိနေတာဖြစ်ပါတယ်။ 

Source: BBC