၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈
ဗြိတိန်ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျူရီဟာ သူ့ရဲ့ ချန်ပီယံခါးပတ်ကို ကာကွယ်ဖို့အတွက် ဒီလီယန်ဝှိုက်နဲ့ ထိုးသတ်သွားဖို့ရှိ တယ်လို့ ဘီဘီစီက ဖော်ပြပါတယ်။
ကမ္ဘာ့လက်ဝှေ့ကောင်စီ (WBC)ဟာ ဒီလီယန်ဝှိုက်ကို တိုင်ဆန်ဗျူရီရဲ့ မဖြစ်မနေ စိန်ခေါ်သူအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး သူတို့ ၂ ဦးဟာ ရက်ပေါင်း ၃၀ အတွင်း သဘောတူညီရမှာ ဖြစ်ပါတယ်။ တိုင်ဆန်ဗျူရီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဝေလ်ဒါကို အနိုင်ယူပြီး သူ့ရဲ့ခါးပတ်ကို ဆက်ထိန်းသိမ်းနိုင်ခဲ့တာပါ။
တိုင်ဆန်ဗျူရီနဲ့ ဒီလီယန်ဝှိုက်တို့ရဲ့ပွဲကို လာမယ့်နှစ် ဖေဖော်ဝါရီလ ဒါမှမဟုတ် မတ်လမှာ ကျင်းပသွားမှာဖြစ်ပြီး နေရာကို တော့ ကာဒစ်ဖ် ဒါမှမဟုတ် မန်ချက်စတာမှာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ တိုင်ဆန်ဗျူရီဟာ ဒီလီယန် ဝှိုက်နဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။
ပုံ-တိုင်ဆန်ဗျူရီထိုးသတ်နေစဉ်။ (The Japan Times)
ဒီလို ဆွေးနွေးမှုတွေကြောင့် လာမယ့်နှစ်မှာ IBF၊ WBO နဲ့ WBA ချန်ပီယံ အူဆက်ခ်နဲ့ ထိုးသတ်ဖို့ မျှော်လင့်နေတဲ့ တိုင်ဆန်ဗျူရီရဲ့ မျှော်လင့်ချက်တွေဟာ အဆုံးသတ်သွားနိုင်ပါတယ်။
WBC ကတော့ တိုင်ဆန်ဗျူရီရဲ့ လာမယ့်ပြိုင်ဘက်ဟာ ဒီလီယန်ဝှိုက်ဖြစ်တယ်လို့ ပြောခဲ့တာပါ၊ ဒီလီယန်ဝှိုက်ဟာ အောက်တိုဘာလက အော်တိုဝယ်လင်နဲ့ ထိုးသတ်ဖို့ စီစဉ်ခဲ့ပါသေးတယ်။
ဒါပေမယ့် ဒီလီယန်ဝှိုက်ဟာ ပခုံးဒဏ်ရာကြောင့် ဒီပြိုင်ပွဲမစခင် ၁၀ ရက်အလိုမှာ မထိုးသတ်နိုင်တော့ပဲ နုတ်ထွက်ခဲ့တာပါ။ အော်တိုဝယ်လင်ရဲ့ အဖွဲ့ကတော့ ဒီပွဲကို ပြန်လည်စီစဉ်ပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် WBC က သူတို့ ဗြိတိန် အချင်းချင်း ထိုးသတ်ဖို့အတွက် အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလီယန်ဝှိုက်ဟာ ပရော်ဖက်ရှင်နယ် ကစား သမားဘဝမှာ ပွဲပေါင်း ၃၀ ထိုးသတ်ထားပြီး ၂၈ ပွဲ အနိုင်ရကာ ၂ ပွဲ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။
Source: Metro.co/BBC.com