CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅

ဆူဇူကီးဖလား အုပ်စုအဖွင့်ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ အိမ်ရှင် စင်ကာပူအသင်းနဲ့ မြန်မာအသင်းတို့ပွဲစဉ်မှာ စင်ကာပူ အသင်းက ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ ပါတယ်။

၂ သင်းလုံးဟာ တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူ အသင်းကတော့ အိမ်ရှင်အသင်းပီပီ ပွဲစကတည်းက တစ်လျှောက်လုံး ဖိကစားခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အသင်းကတော့ တန်ပြန်တိုက်စစ်တွေနဲ့သာ ကစား ခဲ့ရတာဖြစ်ပါတယ်။

စင်ကာပူ အသင်းဟာ မြန်မာအသင်း အားနည်းတဲ့ အမြင့်ဘောတွေနဲ့သာ အဓိက ကစားခဲ့တာဖြစ်လို့ အလုပ်ဖြစ်ခဲ့တာ တွေ့ရ ပါတယ်။

ဒါကြောင့် ပထမပိုင်းမှာတင် ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိနေခဲ့ပါတယ်။ စင်ကာပူအတွက် ဂိုးတွေကို ဘာဟာရူဒင်က ၁ ဂိုး၊ ဖန်ဒီက ၂ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ စင်ကာပူအသင်းဟာ ဂိုးပေါက်တည့်မှု ၉ ကြိမ်အထိရှိခဲ့ပြီး မြန်မာ အသင်းက တော့ ၁ ကြိမ်ပဲ ရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းဟာ လူစားလဲမှုတွေ ပြုလုပ်ပြီး စင်ကာပူ အသင်းဘက်ကို အနည်းငယ် အသာစီးနဲ့ ကစား နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအသင်းဟာ ဂိုးပေါက်ထဲကို အဝေးကန်ချက်တွေနဲ့သာ ခြိမ်းခြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူ အသင်းကတော့ တန်ပြန်တိုက်စစ်တွေနဲ့ ပြန်လည် ခြိမ်းခြောက်ခဲ့တာပါ။

၂ သင်းလုံး ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပထမပိုင်းက ရလဒ်နဲ့ပဲ စင်ကာပူအသင်းက မြန်မာအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး အုပ်စုအဖွင့် လှသွားခဲ့ပြီ ဖြစ်ပါတယ်။