CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅
အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မက်ဆီက သူဟာ စံပြဖြစ်ရတာကို မကြိုက်သလို ဘောလုံးသမိုင်းမှာလည်း အကောင်းဆုံး ကစားသမားဖြစ်အောင် ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူးလို့ ပြောလိုက်ပါတယ်။
မက်ဆီဟာ အခုတစ်ပတ်ထဲမှာ ဘောလွန်းဒီအောဆုကို ၇ ကြိမ်မြောက် ရရှိခဲ့ပါတယ်။ ဒီဆုကို သမိုင်းတစ်လျှောက် အများဆုံး ရရှိတဲ့ ကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့တာပါ။ လက်ရှိမှာတော့ မက်ဆီကို လူငယ်ကစား သမားတွေအတွက် စံပြ ကစားသမားအဖြစ် ချီးကျုးနေကြပါတယ်။ ဒါပေမယ့် မက်ဆီကတော့ သူ့ကိုယ်သူ ဒီလိုမျိုး မမြင်မိဘူးလို့ ပြောလာခဲ့တာ ဖြစ်ပါတယ်။
မက်ဆီက “ကျနော်ဟာ စံပြကစားသမား ဖြစ်လားဆိုတာတော့ မသိပါဘူး။ စံပြဖြစ်ရတာ ဒါမှမဟုတ် အကြံအဉာဏ် ပေးရ တာမျိုးကို မကြိုက်ပါဘူး။ ကျနော်ဟာ အိမ်မက်တွေအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ အစပိုင်းမှာ ပရော်ဖက်ရှင်နယ် ကစား သမား ဖြစ်ဖို့နဲ့ အဲ့ဒီနောက်မှာ ကိုယ့်ကိုယ်ကို ကျော်ဖြတ်ပြီး ရည်မှန်းချက် ပန်းတိုင်အသစ်တွေကို နှစ်တိုင်းအောင်မြင် နိုင် အောင် ကြိုးစားခဲ့ပါတယ်။ အားလုံးရဲ့အလယ်မှာ ကံကောင်းခြင်းလည်း ပါပါတယ်။ ဘုရားသခင် အပေါ်မှာလည်း မူတည်ပါ တယ်။ ဒါတွေအားလုံးက ကျနော့်အတွက် ဖြစ်မြောက်ဖို့ ရွေးချယ်ခဲ့တာပဲလို့ ကျနော်ကတော့ ယုံကြည်ပါတယ်”လို့ ပြောပါ တယ်။
ပုံ-မက်ဆီကိုတွေ့ရစဉ်။(SuperSport)
ဒါ့အပြင် မက်ဆီက “ကျနော်ဟာ သမိုင်းမှာ အကြီးကျယ်ဆုံး ကစားသမားလားဆိုတာ တစ်ခါမှ မပြောဖူးသလို တွေးလည်း မတွေးဖူးပါဘူး။ ဒီလိုစိတ်ကူးမျိုးနဲ့ ကိုက်ညီအောင် လုပ်ဖို့တောင် မကြိုးစားခဲ့ပါဘူး။ ကျနော့်အတွက်တော့ ကမ္ဘာ့ အကောင်း ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ရတာဟာ လုံလောက်တာထက်ကို ပိုပါတယ်။ဒါဟာ ကျနော်ဘယ်တော့မှ စိတ်ကူးမယဉ်သလို အိမ်မက်လည်းမမက်ဝံတဲ့အရာပါပဲ။ ဒါတွေကို စိတ်မဝင်စားသလို၊ ဒါတွေဟာ သိပ်ပြီးလည်း အရေးမကြီး ပါဘူး”လို့ ပြောပါတယ်။
အာဂျင်တီးနား လက်ရွေးစင် ကစားသမားက ထပ်ပြီး” အကောင်းဆုံးဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ဘာမှတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ပြီးတော့လည်း ဖြစ်ဖို့ မကြိုးစားခဲ့ပါဘူး”လို့ France Football နဲ့ အင်တာဗျူး ပြုလုပ်ရာမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က နှစ်ပေါင်း ၂၀ ကျော်ကြာ ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တာ ကြောင့် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။ ဒါပေမယ့် မက်ဆီဟာ ပီအက်စ်ဂျီ အသင်းမှာ အသားကျဖို့ ရုန်းကန် နေရပြီး ခြေစွမ်းကောင်းတွေ မပြသနိုင်ဘဲ ဖြစ်နေပါတယ်။
Source: Goal