CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀
မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ အစ်စဝှစ်ချ်အသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် နည်းပြ ဂွာဒီယိုလာက သူ့ရဲ့အသင်းဟာ အရင်ပုံစံအတိုင်း ပြန်လာပြီလို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “၃ မှတ်နဲ့အတူ ချန်ပီယံလိဂ် ဝင်ခွင့်နေရာကို တက်နိုင်ခဲ့တဲ့အတွက် အလွန်ကျေနပ်ပါတယ်။ အသင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က သတ်မှတ်ထားတဲ့ အရာတွေကို လုပ်ပြီးပြန်လာနေပါတယ်။ ဒါက ကျနော်တို့ရဲ့ အကောင်းဆုံးပုံစံ မဟုတ်ပေမယ့် ပွဲမှာ ကျနော်တို့ရှိနေရမယ့် လိုက်လျောညီထွေမှုနဲ့ ပိုနီးစပ်ပါတယ်။ ဘောလုံး ရှိတဲ့ သူတိုင်းဟာ ပါးနပ်ပြီး၊ မြန်ဆန်သလို လူတိုင်းက ဆက်စပ်မှုတွေ ရှိနေပါတယ်။ ခံစစ်ပိုင်းနဲ့ မချိတ်ဆက်နိုင် ဘူးဆိုရင် ကောင်းမွန်စွာ လုပ်နိုင်မှာ မဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့လ အနည်းငယ်အတွင်းက ရုန်းကန်ခဲ့ရတဲ့ မန်စီးတီးအသင်းဟာ အစ်စဝှစ်ချ်အသင်းကို အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာကို တက်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ မန်စီးတီးအသင်းအတွက် ဂိုးတွေကို ဖိုဒန်က ၂ ဂိုး၊ ကိုဗာဆစ်၊ ဒိုကူ၊ ဟာလန်းနဲ့ မက်အတီးတို့က သွင်းယူခဲ့ တာပါ။
မန်စီးတီးအသင်းဟာ ၂၀၂၅ ခုနှစ်ထဲမှာ ပြိုင်ပွဲစုံ ၄ ပွဲ ကစားထားပြီး ၃ ပွဲနိုင်၊ ၁ ပွဲသရေကျကာ ရလဒ်ကောင်းတွေ ပြန်လည် ရယူနိုင်ခဲ့တာပါ။
ဂွာဒီယိုလာကို တွေ့ရစဉ်
အစ်စဝှစ်ချ်အသင်းကတော့ အိမ်ကွင်းဂိုးပြတ် အရေးနိမ့်မှုကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
အစ်စဝှစ်ချ်အသင်း နောက်ခံလူ အိုရှီးယားက သူတို့ဟာ အမှားအယွင်း ပြုလုပ်ခဲ့တာတွေကို ပြန်ကြည့်ပြီး သင်ခန်းစာ ယူရမှာဖြစ်ကာ ဒီအဖွဲ့နဲ့ ကလပ်ဟာ ကြီးမားတဲ့ ယုံကြည်မှုရှိတယ်လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ လာမယ့် ကြားရက်ထဲမှာ ချန်ပီယံလိဂ် အရေးကြီးပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN