CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၅

ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒင်ဟိုရဲ့ သားဖြစ်သူ ဂျာအိုမန်ဒက်စ်ဟာ ဘာစီလိုနာအသင်းက ထွက်ခွာပြီး ချန်ပီယံရှစ်ကလပ် ဘန်လေအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ 

ဘရာဇီးလ် Globo သတင်းမှာ ဂျာအိုမန်ဒက်စ်ဟာ အခုအပတ် အစောပိုင်းက အင်္ဂလန်ကို သွားရောက်ခဲ့ပြီး အေးဂျင့်တွေရဲ့ အကူအညီပေးမှုတွေနဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားတာပါ။ 

အပြောင်းအရွှေ့ ကိစ္စရပ်တွေအပြီးမှာ ဂျာအိုမန်ဒက်စ်ဟာ ဘန်လေအင်္ကျီကို ကိုင်ဆောင်ထားတဲ့ ပုံထွက်ပေါ်လာခဲ့ တာ ဖြစ်ပါတယ်။

ဂျာအိုမန်ဒက်စ်ဟာ ပြီးခဲ့တဲ့နှစ်က ဖခင်ဖြစ်သူ အောင်မြင်ခဲ့တဲ့ ဘာစီလိုနာအသင်းဆီမှာ ခြေစွမ်းပိုင်း စမ်းသပ်ခံယူ ခဲ့တာပါ။ 

ဂျာအိုမန်ဒက်စ်ဟာ စမ်းသပ်မှု အောင်မြင်ခဲ့တာကြောင့် ဘာစီလိုနာ ယူ-၁၉ အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် စပိန်ကလပ်မှာ အချိန်ကာလ တိုတောင်းခဲ့တာ ဖြစ်ပါတယ်။ 

ဂျာအိုမန်ဒက်စ်ကို တွေ့ရစဉ်

အသက် ၁၉ နှစ် အရွယ်ရှိ ဂျာအိုမန်ဒက်စ်ဟာ ခရူဇီယိုလူငယ်အသင်းမှာ ၄ ရာသီကြာ ဖြတ်သန်းခဲ့ပြီး အလားအလာရှိတဲ့ လူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ 

ဂျာအိုမန်ဒက်စ်ရဲ့ ဘာစီလိုနာအသင်း စာချုပ်ဟာ ပြီးခဲ့တဲ့ဇွန်က ကုန်ဆုံးသွားခဲ့ပေမယ့် သူဟာ အသင်းကြီးအတွက် ပါဝင်ကစားခွင့် မရခဲ့ပါဘူး။ 

ဂျာအိုမန်ဒက်စ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု မရခဲ့တဲ့အတွက်လည်း ကစားသမားဟာ ထွက်ခွာပြီး ဘန်လေအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

ဂျာအိုမန်ဒက်စ်ဟာ ဘန်လေအသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယား လိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ ဘန်လေအသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ လူတန်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ 

ဘန်လေအသင်းဟာ ဒီတစ်ပတ် ချန်ပီယံရှစ်ပွဲအဖြစ် ကာဒစ်ဖ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂျာအိုမန်ဒက်စ် အနေနဲ့ ဘန်လေအသင်းအတွက် ပွဲဦးထွက်ခွင့်ရနိုင်ဖို့ စောင့်ဆိုင်းရဖွယ်ရှိနေတာ ဖြစ်ပါတယ်။ 

Source: Goal