CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၁

ဘန်လေအသင်း ကွင်းလယ်လူ ဆန်ဒါဘာ့ဂ်အတွက် ပေါင် ၂၅ သန်း နဲ့ ဖူလ်ဟမ်အသင်းရဲ့ ကမ်းလှမ်းမှုကို ဘန်လေအသင်းက လက်ခံခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းဟာ ကနဦး ပေါင်သန်း ၂၀ ပေးချေဖို့ သဘောတူညီမှုရရှိခဲ့ပြီး နောက်ထပ် အပိုဆုကြေး ပေါင် ၅ သန်း ထပ်မံပေးချေဖို့ သဘောတူညီခဲ့တာပါ။

အဲဒီနောက် ဘာ့ဂ်ဟာ အင်္ဂါနေ့နံနက်မှာ ‌ဆေးစစ်မှုခံယူဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

နော်ဝေးလက်ရွေးစင် ဘာ့ဂ်ဟာ ဖူလ်ဟမ်အသင်းရဲ့ စတုတ္ထမြောက် ခေါ်ယူမှုလည်း ဖြစ်ပါတယ်။

ဖူလ်ဟမ်ဟာ ဇူလိုင်လမှာ ဘိုင်ယန်မြူးနစ်အသင်းကို ဂျာအိုပယ်လင်ဟာ ပြောင်းရွှေ့ခဲ့တဲ့နောက် ကွင်းလယ် ရွေးချယ်မှုတွေ တိုးမြှင့်ဖို့ ကြိုးပမ်းနေတာပါ။

ဆန်ဒါဘာ့ဂ်ကို တွေ့ရစဥ်

ဆန်ဒါဘာ့ဂ်ကို ယူနိုက်တက်အသင်းကလည်း ပစ်မှတ်ထားနေတာပါ။

ယူနိုက်တက်အသင်းဟာ ဘန်လေအသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးတဲ့ ဘာ့ဂ်အတွက် ဆွေးနွေးမှု တွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

ဘာ့ဂ်ဟာ ပြီးခဲ့တဲ့ရာသီက ဘန်လေအသင်းရဲ့ ကွင်းလယ်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း သူရဲ့အသင်းဟာ ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။

ဘာ့ဂ်ဟာ ချန်ပီယံရှစ်ရာသီရဲ့ ပထမဆုံးနှစ်ပွဲမှာတော့ ဘန်လေအသင်းနဲ့အတူ မပါဝင်နိုင်ခဲ့တာဖြစ်ပြီး နည်းပြ စကော့တ်ပါကာကတော့ ဒဏ်ရာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ၃၇ ပွဲ ကစားခဲ့တာဖြစ်ပါတယ်။

Source: BBC Sport