CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၅

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းမှာ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ ရှိမယ့် စာချုပ်သစ် ချုပ်ဆိုလိုက်ပြီး စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ် တစ်နှစ်သက်တမ်း တိုးခွင့်ရှိနေတာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလက စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင် ၄၇ သန်းနဲ့ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ လာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ အရင်စာချုပ်ဟာ ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာပါ။ 

အသက် ၂၉ နှစ်အရွယ်ရှိ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းအတွက် ၂၃၄ ပွဲ ပါဝင်ကစားထားပြီး ၇၉ ဂိုး သွင်းယူကာ ၆၇ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီ မစတင်ခင်မှာ မက်ဂွဲယားဆီကနေ ယူနိုက်တက်အသင်း ခေါင်းဆောင် ရာထူးကို ရရှိခဲ့သူပါ။ 

ဘရူနိုဖာနန်ဒက်စ်က “ယူနိုက်တက်အတွက် ကျနော့်ရဲ့ စိတ်အားထက်သန်မှုကို လူတိုင်းသိပါတယ်။ ယူနိုက်တက် အသင်းရဲ့ အနာဂတ်ဟာ အပေါင်းလက္ခဏာ ဆောင်တာကို မြင်တွေ့ခဲ့ရပြီး အသင်းကို ဦးဆောင်ရမှာကို ကျနော် ကျေနပ်ပါတယ်။ ဒီအင်္ကျီ ဝတ်ဆင်ရခြင်းရဲ့ တာဝန်နဲ့ အရေးပါမှုကို ကျနော် နားလည်ပါတယ်။ ကလပ်ရဲ့ အနာဂတ်အပေါ် ယုံကြည်ခဲ့တဲ့အတွက်လည်း ဒီမှာဆက်နေဖို့ ကျနော်ရွေးချယ်ခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်နဲ့ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

ဘရူနိုဖာနန်ဒက်စ်က သူဟာ ဒီနွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့အတွက် ကမ်းလှမ်းမှုတွေကို ရရှိခဲ့တယ်လို့လည်း ပြောခဲ့တာပါ။ 

ပေါ်တူဂီကွင်းလယ်လူဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ် နဲ့ ရွိုင်ကိန်းတို့ရဲ့ ဝေဖန်မှုတွေကို မကြာခဏ ခံခဲ့ရပေမယ့် နည်းပြအဲရစ်တန်ဟတ်က သူ့ရဲ့ ကစားသမားအပေါ်မှာ ယုံကြည်မှု အပြည့်ရှိခဲ့တာ ဖြစ်ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ဟာ စာချုပ်သစ်ကြောင့် ယူနိုက်တက်အသင်းမှာ လုပ်ခလစာ အများဆုံးရရှိတဲ့ ကစားသမားတွေ ထဲက တစ်ဦးဖြစ်လာမှာပါ။ 

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းနဲ့အတူ FA ဖလား၊ ကာရာဘောင်းဖလားတို့ကို ရယူထားတာ ဖြစ်ပါ တယ်။

Source: BBC