CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂

အယ်လ်အေဂလက်ဇီအသင်း တိုက်စစ်မှူးဟောင်း ဇလာတန်အီဘရာဟီမိုဗစ်က လိဂ်ပြိုင်ပွဲဟာ စည်းမျဉ်းတွေ များလွန်းတာကြောင့် မေဂျာလိဂ်ရဲ့ ကြီးထွားမှုဟာ နှေးကွေးတယ်လို့ ပြောခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က “လမ်းကြောင်းမှန်ပေါ်မှာ ကြီးထွားနေပေမယ့် ကျနော် ဒီမှာရှိခဲ့တုန်းက ဖြည်းဖြည်းချင်း ကြီးထွားနေခဲ့တယ်လို့ ထင်ပါတယ်။ ပိုပြီးမြန်အောင်လုပ်ဖို့ဆိုရင် စည်းမျဉ်းတွေက များလွန်းပါတယ်။ ဒါက လုပ်ငန်းစဉ်ကို နှေးကွေးစေပါတယ်။ ဒါပေမယ့် ပွဲတွေကတော့ ပိုကြီးထွားပြီး ပိုလည်းကောင်းမွန်လာပါတယ်။ 
ပြီးတော့ နိုင်ငံနဲ့ မေဂျာလိဂ်အတွက် အလွန်အရေးကြီးတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ရှိတယ်”လို့ ပြောခဲ့ တာပါ။ 

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုထဲမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းမှာ ကစားသမားဘဝ အဆုံးသတ်ဖို့ ဥရောပထံ ပြန်မလာခင် အယ်လ်အေဂလက်ဇီ အသင်း အတွက် ၂၀၁၈ နဲ့ ၂၀၁၉ နှစ်ရာသီ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ 

အီဘရာဟီမိုဗစ် ထွက်ခွာအပြီးမှာ မေဂျာလိဂ်ဟာ အသင်းအရေအတွက် ၂၄ သင်းကနေ ၂၉ သင်းအထိ တိုးခဲ့ပြီး လာမယ့်ရာသီမှာ အသင်းပေါင်း ၃၀ အဖြစ် ဆန်ဒီယေဂိုအသင်းက ပွဲဦးထွက်အဖြစ် ပါဝင်မှာပါ။ 

မက်ဆီကိုတွေ့ရစဉ်

ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့နှစ်က မက်ဆီကို ခေါ်ယူခဲ့ပြီး လိဂ်သမိုင်း တစ်လျှောက် အကြီးမားဆုံး ခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

အေစီမီလန်အသင်းမှာ အကြီးတန်း အကြံပေးအဖြစ် တာဝန်ယူနေတဲ့ အီဘရာဟီမိုဗစ်က မေဂျာလိဂ်ပြိုင်ပွဲကို ဥရောပထိပ်တန်း လိဂ်ပြိုင်ပွဲတွေနဲ့ နှိုင်းယှဉ်ဖို့ဆိုရင် လိဂ်ရဲ့ အဆင့်အတန်းကို ဒီထက်ပိုပြီး ကောင်းမွန်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း ESPN နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

အသက် ၄၂ နှစ်အရွယ်ရှိ အီဘရာဟီမိုဗစ်ဟာ အယ်လ်အေဂလက်ဇီအသင်းမှာ ကစားခဲ့ချိန်က ၅၈ ပွဲကစားခဲ့ပြီး ၅၃ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: ESPN