CNI Sport News

၂၀၂၄ခုနှစ်၊ သြဂုတ် ၂

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဘုန်းမောက်တိုက်စစ်မှူး ဒိုမီနစ် ဆိုလန်ကီကို အခုနှစ် နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

စပါးအသင်းဟာ အသင်းရဲ့ စံချိန်တင် ဂိုးသွင်းရှင် ဟာရီကိန်းရဲ့ နေရာကို အစားထိုးဖို့ ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။ 

ဟာရီကိန်းဟာ ပြီးခဲ့တဲ့နွေရာသီက စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက စပါးအသင်းနည်းပြ ပိုစတီကိုဂလူးဟာ ဆွန်ဟောင်မင်နဲ့ ရစ်ချာလီဆင်တို့ကို ဗဟိုတိုက်စစ်မှူး အဖြစ် အသုံးပြုခဲ့ပါတယ်။

ဒါပေမယ့် လုံလောက်တဲ့ တိုက်စစ်ပိုင်းကို မတည်ဆောက်နိုင်သေးတာကြောင့် စပါးအသင်းဟာ  ဘရက်ဖို့ဒ် အသင်းက အီဗန်တိုနေးနဲ့ ဂျော်နသန်ဒေးဗစ် တို့ကိုလည်း ခေါ်ယူဖို့  စိတ်ဝင်စားနေပါတယ်။

ဂျာနယ်လစ် Fabrizio Romano ရဲ့ ထုတ်ပြန်ချက်အရ စပါးအသင်းဟာ လက်ရှိအချိန်မှာ ဘုန်းမောက်အသင်းက ဆိုလန်ကီကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေကြောင်း သိရပါတယ်။

ဒါပေမယ့် စပါးအသင်းကတော့ တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပါဘူး။ ဆိုလန်ကီဟာ ဘုန်းမောက်အသင်းမှာ အရေးပါနေတာကြောင့် နုတ်ထွက်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးကို‌ တွေ့ရစဥ်

စပါးအသင်းဟာ တောင်ပံကစားသမား တစ်ဦးကို ခေါ်ယူဖို့အပြင် တိုက်စစ်မှူးသစ် တစ်ဦးကိုလည်း ခေါ်ယူဖို့ ကြိးစားနေတယ်လို့ နိုင်ငံတကာ အားကစားသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဆိုလန်ကီဟာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ လီဗာပူးလ်အသင်းကနေ ပြောင်းရွှေ့လာပြီး ဘုန်း‌မောက်အသင်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တာပါ။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်လူ ဆိုလန်ကီဟာ ဘုန်းမောက်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁၆ ပွဲ ကစားထားပြီး ၇၇ ဂိုး သွင်းယူထားကာ ၃၁ ဂိုး ဖန်တီးမှု ပြုလုပ်ထားပါတယ်။

ဆိုလန်ကီဟာ ၂၀၂၃-၂၀၂၄ ခုနှစ် ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၁၉ ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ်မှာ စတုတ္ထမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ဆိုလန်ကီဟာ ပရီးမီးယားလိဂ် တစ်ရာသီတည်းမှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ ဘုန်းမောက်ရဲ့ စံချိန်သစ်ကို မှတ်တမ်း တင်နိုင်ခဲ့ပြီး သူ့ရဲ့ အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်ရဲ့ ကလပ်အသင်းကြီး အချို့ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာပါ။

Source: Sport Mole