CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆

စပါးအသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းရဲ့နေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်မှူးရှာဖွေနေပြီး ဘုန်းမောက် အသင်းတိုက်စစ်မှူး ဆိုလန်ကီကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

စပါးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဟာရီကိန်းရဲ့နေရာမှာ အစားထိုး ဖို့အတွက် တိုက်စစ်မှူးတစ်ဦးခေါ်ယူထားခြင်းမရှိသေးတာပါ။ ဒါပေမယ့် စပါးအသင်းရဲ့ အခြားကစားသမားတွေ ဟာ နည်းပြပိုစတီကိုဂလူးလက်အောက်မှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသထားတာ ဖြစ်ပါ တယ်။ ဒီလိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနေပေမယ့် စပါးအသင်းကတော့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ လိုအပ်တယ်ဆိုတာကို သိရှိတာကြောင့် ဘုန်းမောက်အသင်းတိုက်စစ်မှူး ဆိုလန်ကီက သူတို့ရဲ့ ပစ်မှတ် ဖြစ်လာခဲ့တာပါ။

ဆိုလန်ကီဟာ ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပွဲမှာ ဘုန်းမောက်အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ ဂိုးအထိ ရှိလာခဲ့ ပါတယ်။ စပါးအသင်းဟာ ဘရိုက်တန်အသင်းတိုက်စစ်မှူး အီဗန်ဖာဂူဆန်ကို ခေါ်ယူဖို့လည်း စိတ်ဝင်စား နေပေမယ့် ဆိုလန်ကီကိုသာ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာပါ။ အဲဒါကြောင့် စပါးအသင်းဟာ ဆိုလန်ကီရဲ့ ခြေစွမ်းကို အခုတစ်ရာသီလုံးစောင့်ကြည့်နေတာဖြစ်ပါတယ်။

ဒီရာသီမှာ အကောင်းဆုံးပုံစံပြသနေတဲ့ ဆိုလန်ကီကို ခေါ်ယူဖို့ အာဆင်နယ်အသင်းကလည်း စိတ်ဝင်စား နေတာပါ။ ဆိုလန်ကီဟာ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို  ဘုန်းမောက် အသင်းမှာလည်း သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ဖို့ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။ ဆိုလန်ကီဟာ ဘုန်းမောက်အသင်းနဲ့ ပထမရာသီမှာ ၄ ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် ချန်ပီယံရှစ်မှာ ကစားခဲ့တဲ့ ၂ ရာသီမှာ ၄၅ ဂိုး အထိ သွင်းယူနိုင်ခဲ့တာပါ။

အသက် ၂၆ နှစ်အရွယ်ရှိ ဆိုလန်ကီဟာ ဘုန်းမောက်အသင်းအတွက် ကစားထားတဲ့ ၁၉၄ ပွဲမှာ ၆၈ ဂိုးသွင်းယူ ထားနိုင်တာဖြစ်ပါတယ်။

Source:DailyMail