CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၀

ဘုန်းမောက်အသင်းဟာ ဆိုလန်ကီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောင်းချဖို့ သဘောတူညီခဲ့ပြီးနောက် အပြောင်းအရွှေ့ အပြီးသတ် သဘောတူညီမှု ရရှိဖို့ လုပ်ဆောင်နေပါတယ်။

The Athletic ၏ ဖော်ပြမှုအရ ဘုန်းမောက်အသင်းနဲ့ ချုပ်ဆိုထားတဲ့ ဆိုလန်ကီရဲ့ စာချုပ်ဟာ ပေါင် ၆၅ သန်း ဖြစ်ပါတယ်။

အသက် ၂၆ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဆိုလန်ကီဟာ မြောက်လန်ဒန်ကလပ်ဖြစ်တဲ့ စပါးအသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ စည်းကမ်းချက်တွေကိုလည်း သဘောတူညီခဲ့ပါတယ်။

ဆိုလန်ကီဟာ ဘုန်းမောက်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့် စပါးအသင်းက ခေါ်ယူနိုင်ဖို့ ညှိနှိုင်းနေတာဖြစ်ပါတယ်။

ထို့ကြောင့် စာချုပ်မပြီးဆုံးသေးပေမယ့်လည်း လျော်ကြေး ပေါင်သန်း ၆၀ ပေးကာ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက ဘိုင်ယန်မြူးနစ်အသင်းကို ဟယ်ရီကိန်း ထွက်ခွာသွားတဲ့နောက် စီနီယာ တိုက်စစ်မှူးတစ်ဦးကိုမှ ခေါ်ယူထားခြင်း မရှိသေးပါဘူး။

ဆိုလန်ကီကို တွေ့ရစဥ်

စပါးအသင်းနည်းပြ ပိုစတီဂလူးဟာ သူ့ရဲ့ကစားဟန်နဲ့ ကိုက်ညီမယ့် နံပါတ် ၉ နေရာအတွက် တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဆိုလန်ကီဟာ ဘုန်းမောက်အသင်းကို အဆင့် ၁၂ နေရာ ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ပရီးမီးယား လိဂ်မှာ ၁၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

ဆိုလန်ကီဟာ သူ့ရဲ့ကစားသမားဘဝကို ချယ်လ်ဆီးမှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာတော့ လီဗာပူးလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒီနောက်မှာတော့ ဆိုလန်ကီဟာ ၂၀၁၉ ခုနှစ်မှာ ပြောင်းရွှေ့ကြေး မဖော်ပြဘဲ ဘုန်းမောက်အသင်းကို ပြောင်းရွှေ့ ခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ လိဒ်ယူနိုင်တက်အသင်းက အသက် ၁၈ နှစ်အရွယ် ကွင်းလယ် ကစားသမား အာချီဂရေးနဲ့ လူးကတ်စ် ဘက်ဂျ်ဗဲ တို့ကိုလည်း ခေါ်ယူထားတာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ၂၀၂၄-၂၅ ပရီးမီးယားလိဂ် ရာသီကို သြဂုတ်လ ၁၉ ရက်မှာ တန်းပြန်တက်လာတဲ့ လက်စတာ စီးတီးအသင်းနဲ့ စတင်ကစားရမှာ ဖြစ်ပါတယ်။

Source: The Athletic