CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၁

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက တိုက်စစ်မှူးသစ် ဆိုလန်ကီဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် နယူးကာဆယ် အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မယ်လို့ အတည်ပြုခဲ့ပါတယ်။

ပိုစတီကိုဂလူးက “ဆိုလန်ကီက ပါဝင်နိုင်ဖို့ နီးစပ်နေပေမယ့် ကျနော်တို့ သူ့ကို သတိထားရမှာပါ။ နယူးကာဆယ် အသင်းနဲ့ပွဲကို သူလွဲချော်မှာ ဖြစ်ပေမယ့် နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ သူပြန်ကစားနိုင်ဖို့ ရှိပါတယ်။ ရစ်ချာလီ ဆန်ကလည်း လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့တဲ့အတွက် လာမယ့်ရက်သတ္တပတ်အနည်းငယ်အနားယူရမှာပါ”လို့ ပြောခဲ့တာပါ။

ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဘုန်းမောက်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဆိုလန်ကီဟာ လက်စတာအသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ စပါးအသင်းအတွက် သူ့ရဲ့ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဆိုလန်ကီဟာ ဒီပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် အဲဗာတန်အသင်းနဲ့ ပွဲစဉ်ကို မပါဝင်နိုင်ခဲ့ပါဘူး။ 

ဆိုလန်ကီကိုတွေ့ရစဉ်

စပါးအသင်းဟာ ဆိုလန်ကီ မပါဝင်ပေမယ့် အဲဗာတန်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

အခုအချိန်မှာလည်း ဆိုလန်ကီဟာ ဒဏ်ရာက သက်သာခြင်း မရှိသေးလို့ နယူးကာဆယ်အသင်း နဲ့ပွဲစဉ်ကို ထပ်ပြီး လွဲချော်မှာပါ။ 

ဒါအပြင် စပါးအသင်းရဲ့ နောက်ထပ် တိုက်စစ်မှူးဖြစ်တဲ့ ရစ်ချာလီဆန်ကလည်း လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိ ခဲ့လို့ ရက်သတ္တပတ် အနည်းငယ်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။ 

လက်စတာအသင်းနဲ့ပွဲမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့တဲ့ ကွင်းလယ်လူ ဘန်တန်ကာကတော့ နယူးကာဆယ် အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖွယ်ရှိတယ်လို့ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ပြောခဲ့တာပါ။ 

စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိထားသလို နယူးကာဆယ်အသင်းကလည်း ရမှတ် ၄ မှတ်ရရှိထားတာ ဖြစ်ပါတယ်။ 

Source: Metro